Skip to main content
Nov 21, 2022
ဆောင်းပါး
ကမ္ဘောဇသာဒီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာမင်းလက်ထက်က တည်ဆောက်ခဲ့သောနန်းတော်ဖြစ်သည်။ ကမ္ဘောဇသာဒီနန်းတော်ကို မြန်မာသက္ကရာဇ် ၉၁၅ (ခရစ်နှစ် ၁၅၅၃ ခုနှစ်) တွင် တည်ဆောက်ခဲ့ကြောင်း၊ နန်းတော်တည်ဆောက်ရာမြေကို ကမ္ဘောဇသာဒီဟုသမုတ်ခဲ့ကြောင်း၊ နန်းတော်ဝန်းကျင်တွင် မင်းမိဖုရားအိမ်တော်၊ ကိုယ်လုပ်မောင်းမတို့အိမ်၊ ရွှေတိုက်၊ ငွေတိုက်၊ ကြေးတိုက်၊ ပုဆိုးတိုက်တို့ကို ဆောက်လုပ်ကြောင်း မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။ ကမ္ဘောဇသာဒီဟု အမည်သမုတ်ခဲ့ရခြင်း၏အကြောင်းရင်းမှာ ကမ္ဘောဇ-ရှမ်းပြည်တစ်ခွင် အေးချမ်းစေခြင်းဟူသော အဓိပ္ပာယ်ဖြင့် အမည်သမုတ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းပညာရှင်အချို့က ဆိုသည်။
Nov 20, 2022
ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ကြစေဖို့ ကိုယ်လက်လှုပ်ရှားကစားစို့
လူ့ဘဝတွင် အသက်ရှင်သန် နေထိုင်ရစဉ်အတွင်း ကျန်းမာစွာနေထိုင်ရခြင်း၏တန်ဖိုးသည် အလွန်ကြီးမားလှပါသည်။ လူသားတို့သည် အများအားဖြင့် ကျန်းမာခြင်း၏တန်ဖိုးကို နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယထူပြောလာချိန်မှသာ သိရှိလာတတ်ပါသည်။ ကျန်းမာခြင်း၏တန်ဖိုးရှိမှုအပေါ် အမှတ်တမဲ့ ထားလေ့ရှိကာ သတိမမူကြဘဲ ဖျားနာပြီး ရောဂါဘယဖြစ်ပွား၍ မထနိုင်မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်စေရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်သည့် ကျန်းမာရေးကောင်းမွန်ခြင်း၊ ကြံ့ခိုင်သွက်လက်ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်ပါသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာလျှင် လောကီအလုပ်၊ လောကုတ္တရာအလုပ်များကို ပေါက်မြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။
Nov 20, 2022
ကမ္ဘာလုံးဆိုင်ရာ အချို့ကိစ္စရပ်များဟာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အရာဆို ပူးပေါင်းဆောင်ရွက် ရမှာပဲ ဖြစ်ပါတယ်။ မပူးပေါင်းလို့မရပါဘူး။ ဒီအချက်ကို မျက်ကွယ်ပြုပြီး ပူးပေါင်း ဆောင်ရွက်ရမယ့်အစား ပိတ်ဆို့ဖို့၊ ဖြတ်တောက်ဖို့၊ တားဆီးဖို့ချည်းပဲ လုပ်နေမယ်ဆိုရင် ထိုအရေး၊ ထိုပြဿနာဟာ အောင်မြင်မှုရဲ့ ပြောင်းပြန်ရလဒ်တွေကိုသာ ရရှိတတ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး အရေးဟာ တစ်နိုင်ငံတည်းမက နိုင်ငံအားလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စပါ။ အနည်းဆုံးတော့ လူတွေစထွက်ခွာရာ မူရင်းနိုင်ငံနဲ့ ဖြတ်သန်းရာနိုင်ငံတွေ၊ နောက်ဆုံး သူတို့အလုပ်လုပ်မယ့် ဆိုက်ရောက်နိုင်ငံတွေဆိုပြီး ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေရှိကြပါတယ်။ အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှ အဖြေထွက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။
Nov 19, 2022
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်ကြေညာချက် (Presidential Determination No.2023-02) အား “Memorandum on Presidential Determination with Respect to the Efforts of Foreign Governments Regarding Trafficking in Persons” ခေါင်းစဉ်ဖြင့် အမေရိကန်သမ္မတအိမ်ဖြူတော်က ၁၄-၁၀-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
Nov 19, 2022
အာဆီယံနဲ့ပတ်သက်ရင် စာရေးသူရင်ထဲမှာ ခံစားချက်ရှိနေပါတယ်။ စာရေးသူမှမဟုတ်ပါဘူး။ အများပြည်သူများမှာလည်း ကျွန်တော့်လိုမျိုးခံစားချက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ဖြစ်တဲ့ အကြောင်းရင်းကလည်း မြန်မာတို့အနေနဲ့ဆန္ဒရှိသလို အခြားအာဆီယံနိုင်ငံ အားလုံး ကလည်း မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထား အချက်အချာကျမှု သိရှိတဲ့အတွက် မြန်မာကို အာဆီယံမှာ ပါဝင်စေချင်ကြပါတယ်။ ဒါကြောင့်လည်း မြန်မာတို့ အာဆီယံကို ဝင်ဖြစ်ခဲ့ပါတယ်။
Nov 18, 2022
ဆောင်းပါး
မကြာမီ မြန်မာနိုင်ငံ၏ ဒီဇင်ဘာအားကစားလပင် ရောက်ရှိတော့မည်ဖြစ်သည်။ အမှန်ကတော့ အားကစားလတွင်သာမက ကျန်သည့်လများတွင်လည်း အားကစားလှုပ်ရှားသင့်ပေသည်။ ထိုအချက်ကို သိနေသောတာဝန်ရှိသူများသည် ရေဒီယိုခေတ်ကတွင်ပင်မက ယခု တီဗွီခေတ်ထိတိုင်အောင် နံနက်ချိန်ခါ အားကစားလှုပ်ရှားမှုလေ့ကျင့်ခန်းများ ထုတ်လွှင့်ပြသတိုက်တွန်းလျက်ရှိနေသည်။ အချို့နိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဝင်ချိန်မတိုင်မီ ကျန်းမာရေးလေ့ကျင့်ခန်းများလုပ်ပြီးမှသာ လုပ်ငန်းခွင်သို့ဝင်ကြသည်။ ထိုအခါ လုပ်ငန်းခွင်ဝင်မည့်သူများ၏ ကိုယ်စိတ်ကျန်းမာရေးသာမက လုပ်ငန်းခွင်အတွက်လည်း အကျိုးကျေးဇူးများစွာရရှိပြီး ကုန်ထုတ်လုပ်မှုပါတိုးတက်စေကြောင်း အထောက်အထားများရှိပေသည်။
Nov 17, 2022
01
သမိုင်းကြောင်း ပြန်ကြည့်မယ်ဆိုရင် ၂၀ ရာစု စတင်တာထွက်ကတည်းက ရဲဘော်သုံးကျိပ်ဟာ ခရီးကြမ်းကို လျှောက်ခဲ့ကြရတယ်။ ထိုခေတ် ထိုအချိန်က ထိုသို့ ဤသို့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ တစ်နိုင်ငံလုံး တိုင်းရင်းသားအပေါင်း လွတ်လပ်ရေး အတွက် ကျောပိုးအိတ်ကို လွယ်၊ နိုင်ငံနဲ့လူမျိုး လွတ်လပ်ဖို့ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ကာကွယ်ဖို့ အသက်သွေးချွေးနဲ့ အချိန်တွေပေးခဲ့ကြရတယ်။ တစ်မျိုးသားလုံးကောင်းစားရေးကို ရှေးရှုခဲ့ကြောင်း ၂၁ ရာစု လူငယ်တွေဟာ နမူနာယူကြရ လိမ့်မယ်။
Nov 16, 2022
ဆောင်းပါး
မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသမှာ လူဖြစ်လာမယ့် အမ်ဖီသီးကပ်စ်လို့ခေါ်တဲ့ ပရိုင်းမိတ်ဟာလွန်ခဲ့တဲ့ နှစ်ပေါင်း သန်းလေးဆယ်ကနေခဲ့ကြောင်း ဘူမိသိပ္ပံ ကမ္ဘာ့ပညာရှင်၊ မြန်မာပညာရှင်တွေက ဖော်ထုတ်ခဲ့တယ်။
Nov 16, 2022
ဆောင်းပါး
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ ရက် ကြာသပတေးနေ့သည် မြန်မာတိုင်းရင်းသားအားလုံး မြန်မာအမျိုးသားအားလုံး၏ “အမျိုးသားအောင်ပွဲနေ့”ဖြစ်သည်။ သို့ဖြစ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် တစ်နိုင်ငံလုံးကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားရေးဦးတည်ချက်များ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
Nov 16, 2022
ဆောင်းပါး
လူတို့၏ နေ့စဉ်နေထိုင်မှုပုံစံတွင် ပုံမှန်လမ်းလျှောက်ခြင်းကို အားပေးသင့်ကြသည်။ ပြုကျင့်ရမည့် နေ့စဉ်အလေ့အထတစ်ခုအဖြစ် ဝီရိယထား၊ အလေးထားကြိုးစားသင့်ကြသည်။ လေ့ကျင့်ခန်းမျိုးစုံရှိသော်လည်း အသက်အရွယ်အရ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကဲ့သို့ မိမိကျန်းမာရေးအတွက် လုံခြုံမှု၊ စောင့်ရှောက်မှုအပြည့်အဝပေးနိုင်သည့် လေ့ကျင့်ခန်းမျိုးမရှိဟု မြင်ပါသည်။ နံနက်စောစောနာရီဝက်ခန့် လမ်းလျှောက်ပြီးစီးသည်နှင့် ပြုလုပ်ရမည့်တစ်နေ့တာ နိစ္စဓူဝကိစ္စများ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းပိုရှိလာသည်။