Skip to main content
Feb 27, 2023
ဆောင်းပါး
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ကီလိုမီတာ ၄ဝဝ လောက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမဏိပူရဒေသမှာ ဘိန်းစိုက်ပျိုးတဲ့တောင်သူ ၇ဝ၃ ဦးနဲ့၊ ဘိန်းစိုက်ပျိုးဧက ၄ဝဝ ကျော် ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းမီဒီယာတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုဖမ်းဆီးတဲ့နေရာမှာ ဒေသတွင်းဘိန်းစိုက်ပျိုးခွင့်ပြုထားတဲ့ တောင်ပေါ်ရွာသူကြီး ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါကအိန္ဒိယနိုင်ငံ၊ မဏိပူရအစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုကိုမတားဆီးဘဲ ဆက်စပ်လုပ်ကိုင်နေတဲ့ အာဏာပိုင်တွေကိုပါ ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ သတင်းစကားကိုပေးလိုက်တာလို့လည်း သဘောပေါက်မိပါတယ်။
Feb 27, 2023
ဆောင်းပါး
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နေထိုင်ခဲ့ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၏ သာယာလှပသော တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်ကောင်းများဖြင့် ရိုးသားဖြူစင်သော နာဂတိုင်းရင်းသားလူမျိုးစုများ အများဆုံးနေထိုင်ရာဒေသတစ်ခုဖြစ်သည်။
Feb 27, 2023
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုသည့် အကြီးမားဆုံးသော အထောက်အပံ့မှာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်ရန်ပင်ဖြစ်ပါသည်။ သဘာဝသယံဇာတများ မည်မျှပင်ပေါကြွယ်ဝစေကာမူ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက်နိုင်လျှင် တိုးတက်သောနိုင်ငံအဖြစ်သို့ရောက်ရှိလာအောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။
Feb 26, 2023
​​​​​​​ဥပမာအားဖြင့် အတွင်းစိတ်စေ့ဆော်ခြင်းတွေ အားနည်းလာတယ်လို့ သုံးသပ်ယူဆပါက အပြင် စိတ်စေ့ဆော်ခြင်းကို ပိုမိုအားထည့်ဆောင်ရွက်ပေး ခြင်းနည်းလမ်းနဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပျော်ရွှင်မှုဖြစ်တည်လာရေး၊ ဝန်ထမ်းတွေ စိတ်ဓာတ် တက်ကြွစွာ လုပ်ငန်းဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့ လုပ်ငန်းခွင်၊ မိမိကိုတန်ဖိုးထားတဲ့ဌာန၊ တရား မျှတမှုရှိတဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ ရှိနေသူ၊ တာဝန်ထမ်းဆောင်နေသူတစ်ဦးအတွက် လုပ်ငန်း ခွင်ကနေထွက်ခွာ၊ နုတ်ထွက်ရေးမှာ မဖြစ်နိုင်လွန်းတဲ့ ကိုယ်ရေးကိုယ်တာအခက်အခဲအခြေအနေ အကျပ်အတည်းဖြစ်ပေါ်လာမှသာ ထွက်ခွာကြမှာ ဖြစ်ပြီး ပုံမှန်အားဖြင့် လွယ်လင့်တကူဆုံးဖြတ်၊ နုတ်ထွက်ဖို့မဖြစ်နိုင်လှပါ။ အကြောင်းက ဝန်ထမ်းတွေဟာ မိမိကိုတန်ဖိုးထားတဲ့ဌာနကို ချစ်ခင် မြတ်နိုးသလို မိမိအလုပ်ကိုလည်း ချစ်ခင်မြတ်နိုး ပျော်ရွှင်နေကြလို့ဖြစ်ပါတယ်။
Feb 26, 2023
၀၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက် (Electronic Voting Machine – EVM) ကို အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်အသုံးပြုရန်မလိုဘဲ မဲပေး နိုင်တော့မည် ဖြစ်ပါသည်။
Feb 25, 2023
ဆောင်းပါး
မြန်မာနိုင်ငံအနေဖြင့် သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်နှင့် ဆိုရှယ်လစ်ခေတ်ဟူ၍ ခေတ်ကြီးငါးခေတ်၏ ကုန်လုပ်ဆက်ဆံရေးသမိုင်းကို ဆန်းစစ်လေ့လာသုံးသပ်ကြည့်ပါက ကျွန်ပိုင်ရှင်ခေတ်တွင် “ကုန်သည်” ဟူသော လူတန်းစားစတင်ပေါ်ပေါက်နေပြီကို သိနိုင်ပါသည်။ ဗုဒ္ဓဝင်ရာဇဝင်များနှင့် အခိုင်အမာ၊ အခံ့အထည်စာကမ္ပည်းတင်ထားသော သမိုင်းမှတ်တမ်းများတွင်လည်း “ကုန်သည်များ” ၏ အခန်းကဏ္ဍသည် အရေးပါခဲ့သည်။
Feb 24, 2023
အကြမ်းဖက် CRPH ၊ NUG ၊ PDF များ၏ ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ
ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းမှာ ကျောင်းကားတစ်စီးကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တို့ရဲ့လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စာမေးပွဲဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသူတစ်ဦးသေဆုံးပြီး ၁ဝ ဦး ဒဏ်ရာရရှိသွားတဲ့သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိ ခဲ့ရပါတယ်။
Feb 23, 2023
ဆောင်းပါး
ဝတ်မှုန်ကူးခြင်းသည် သတ္တလောကနှင့် သဘာဝဂေဟစနစ်အတွက် အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်သောကြောင့် စားနပ်ရိက္ခာဖူလုံမှုအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လည်းကောင်း၊ ဂေဟစနစ်များထိန်းသိမ်းရာတွင်လည်းကောင်း၊ ဝတ်မှုန်ကူးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော ဝတ်မှုန်ကူးအင်းဆက် များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် လိုအပ်ပါသည်။
Feb 23, 2023
011110
ဟုမ္မလင်းခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင်တည်ရှိ၍ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည်။ ဟုမ္မလင်းခရိုင်သည် အရှေ့မှအနောက်သို့ ၈၆ မိုင် ရှိပြီး တောင်မှမြောက်သို့ ၈၄ မိုင် ရှည်လျားကာ ၄၃၂၆ ဒသမ ၄၄၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ တောင်ဘက်တွင် ဖောင်းပြင်မြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။
Feb 22, 2023
ဆောင်းပါး
ယနေ့ကမ္ဘာတွင် နည်းပညာမြင့်မားလာမှု၊ လူနေမှုအဆင့်အတန်းနှင့်နေထိုင်မှုပုံစံများ တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ပလတ်စတစ်သည် လူသားတို့၏ နေ့စဉ်ဘဝတွင်မရှိမဖြစ် အခြေခံလိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ပလတ်စတစ်ထုတ်ကုန်များကို ပိုမိုထုတ်လုပ်သုံးစွဲလာကြသည့်အတွက် ပလတ်စတစ်ညစ်ညမ်းမှုသည် အရေးတကြီးဖြေရှင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပါသည်။