Jun 13, 2023

ကံစမ်းပြီး ထီထိုးလိုသူ၊ ကုသိုလ်ကံကောင်းပြီး ချမ်းသာချင်သူတွေအတွက် မြန်မာ့အောင်ဘာလေထီသမိုင်းကို ပြုပြင်ပြောင်းလဲမှုတစ်ခုဖြင့် မျက်နှာစာသစ်တစ်ခုကို လွန်ခဲ့သောရက်များအတွင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ အောင်ဘာလေအွန်လိုင်းသိန်းဆု ထီစနစ်စတင်နိုင်ခြင်းသည်ပင် မြန်မာ့ဒစ်ဂျစ်တယ်ခေတ်တစ်ခေတ် အစပျိုးမှုများထဲက တစ်ခုဖြစ်ခဲ့ပါပြီ။
Jun 12, 2023

တစ်နာရီမိုင် ၁၀၀ ကျော်နှုန်းတိုက်ခတ်နေသည့် လေပြင်းဒဏ်ကြောင့် ပင်လယ်ထဲကတဝုန်းဝုန်း ရိုက်ခတ်နေသောလှိုင်းသံတွေ၊ တဖြောင်းဖြောင်း ကျိုးကျလဲပြိုနေသော သစ်ပင်သစ်ကိုင်းတွေ၊ မိုးသံလေသံတွေကြားမှာ ကိုယ်ဝန်အရင့်အမာနှင့် မီးမဖွားရသေးသော မိခင်လောင်းတစ်ဦးသည် မည်သည့်အရာကို ဆုတောင်းလိမ့်မည်ထင်ပါသနည်း။ မိမိတို့နေထိုင်လျက်ရှိသည့် အိမ်လေးပြိုလဲ မသွားရေးလား၊ မိမိ၏အသက်အန္တရာယ်မဆုံးရှုံး စေရေးလား၊ သို့တည်းမဟုတ် မွေခါနီးဖွားခါနီး မိမိလွယ်ထားရသော ဝမ်းကြာတိုက်ထဲက သားရတနာ၊ သမီးရတနာလေး ဘေးမသီရန်မခ လူ့လောကကြီးထဲကို ရောက်ရှိလာစေရေးလား၊ ကျွန်တော်ကတော့ တုနှိုင်းမရသည့် မိဘမေတ္တာနှင့်ယှဉ်၍ ထွက်ပေါ်လာသော ဆုတောင်းသံတွေကို ကြားယောင်နေသလိုပင်။
Jun 12, 2023

လူတစ်ခုပူမှုရယ်နဲ့ ဆယ်ကုဋေဆိုတဲ့အထဲမှာ အခုနောက်ပိုင်း ကျွန်မတို့လို အိမ်ရှင်မတွေရဲ့ပူမှုက မနက်မိုးလင်းဈေးထဲရောက်ကတည်းက အစပြုတယ်လို့ပဲ ဆိုရမယ်။
Jun 11, 2023

မြန်မာနိုင်ငံတွင် ကုန်စည်ဈေးနှုန်းများ တစ်နေ့တခြား မြင့်တက်နေသည်မှာ ပြည်သူများအတွက် အဆန်းတော့မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ဈေးနှုန်းများ အတက်အကျဖြစ် လေ့ရှိပါသည်။ သို့သော်တက်ပြီးလျှင်ပြန်မကျသည့် ကုန်ဈေးနှုန်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ မတော်လောဘများပါဝင်နိုင်ပါသည်။ မတော်လောဘများကြောင့် ပြည်သူများအတွက်ဖိစီးမှု ဝန်ထုပ်ဝန်ပိုးများ ကြီးကြီးမားမားဖြစ်လာစေပါသည်။
Jun 11, 2023

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြန်မာလူမျိုးတို့က ခံယူထား ကြသည်။ ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုသည့် အခမ်းအနားများကို မြင်တွေ့ရတိုင်း စာရေးသူအနေဖြင့် မြန်မာလူမျိုးတစ်ဦးပီပီ ဂုဏ်ပြုသူရောဂုဏ်ပြုခံရသူများပါ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ထပ်လောင်း ပြည့်စုံကြပါစေဟု ဂုဏ်ယူဝမ်းမြောက်စွာ သာဓု ခေါ်မိသည်။ ဝမ်းသာပီတိလည်း ဖြစ်ရပါသည်။
Jun 10, 2023

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝ အလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာ သည့် မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးအန္တရာယ် များကျရောက်ခြင်းတို့ဖြစ်ပြီး အချိန်အခါမရွေး၊ ဒေသမရွေးဖြစ်ပေါ်လာနိုင်သည်။
Jun 09, 2023

မင်္ဂလာရှိသောနေ့
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းတွေဖွင့်ပြီ။
စစ်တွေမြို့၏ နံနက်ခင်းရာသီဥတုကလည်း သာသာယာယာလေးဖြစ်လို့နေသည်။ ထိုမြင်ကွင်းအလှကို အားဖြည့်ပေးလိုက်သည်က ကျောင်းဝတ်စုံအဖြူအစိမ်းလေးများနှင့် သားငယ် သမီးငယ်လေးများ၏ သန့်စင်သောအပြုံး၊ သွက်လက်သောခြေလှမ်း၊ ဟန်ဆောင်မှုကင်းသည့် အမူအရာလေးများပဲဖြစ်၏။ သူတို့၏ ခြေလှမ်းတိုင်းတွင် ယုံကြည်ချက်ရှိသည်၊ အနာဂတ်ရှိသည်။ ထိုခြေလှမ်းလေးများ အားလုံးသည် စာသင်ကျောင်းများဆီသို့ ဖြောင့်ဖြောင့် တန်းတန်း ရောက်ရှိလာကြသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများပါပေ။
Jun 08, 2023

ယခု သန်းခေါင်စာရင်းသည် ရက်တစ်ရက်၊ အချိန်တစ်ချိန်သတ်မှတ်၍ ကာလတစ်ခုအတွင်း လူဦးရေနှင့်အကြောင်းအရာ အချက်အလက်များကို တစ်အိမ်တက်ဆင်း ကောက်ယူသည့်စာရင်းကို ဆိုလိုသည်။ လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်အဆင့် ကောက်ယူမည်ဖြစ်သည်။ ယင်းလုပ်ငန်းသည် အသစ်အဆန်းတော့မဟုတ်။ ခေတ်စနစ်နှင့်အညီ လုပ်နည်း၊ လုပ်ဟန်နှင့် အသုံးပြုရန်လိုအပ်သည့် အချက်အလက်များအပေါ် မူတည်ကာ အနည်းနှင့်အများ အပြောင်းအလဲတော့ရှိသည်။
Jun 08, 2023

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာသည့် မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးအန္တရာယ်များ ကျရောက်ခြင်းတို့ဖြစ်ပြီး အချိန်အခါမရွေး၊ ဒေသမရွေး ဖြစ်ပေါ်လာနိုင်သည်။