Skip to main content
Apr 19, 2023
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု ထားသောအဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ ရှိသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/ ၂၀၂၃)၊ (၃/ ၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
Apr 19, 2023
01
ယနေ့ကမ္ဘာကြီးတွင် အသက်အရွယ်ကြီးမြင့်ပြီး အသက်ရှည်ကြသူ သက်ကြီးရွယ်အိုများ များပြားလာသည်နှင့်အမျှ သက်ကြီးရွယ်အိုအသိုင်းအဝိုင်းသည်လည်း ပိုမိုကျယ်ပြန့်လာနေသလို သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို လေးစားကာကွယ် မြှင့်တင်ကြရန် လုပ်ဆောင်လာနေကြပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် World Population Ageing ၏ ထုတ်ပြန်ချက်အရ ကမ္ဘာကြီးတွင်အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ သန်းပေါင်း ၇၀၀ ကျော်ရှိနေပြီဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်ရောက်ပါက ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြင့်ရောက်ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ အဆိုပါ ကိန်းဂဏန်းသို့ရောက်ရှိမည်ဆိုပါက လူခြောက်ဦးတွင်တစ်ဦးမှာ သက်ကြီးရွယ်အိုဖြစ်မည် ဖြစ်သည်။
Apr 18, 2023
01
လျှပ်စစ်သုံးယာဉ်(Electric Vehicle-EV)များ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးစေရန် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော် အဆင့်ဖွဲ့စည်းပြီး ပေါ်လစီများချမှတ်ကာ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
Apr 17, 2023
ဘဝခရီးကိုလျှောက်လှမ်းရာမှာ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေချနေရတယ်။ အလေးအပေါ့ အတိမ်အနက်ကွာပေမယ့် ဆုံးဖြတ်ချက်တွေကတော့ ချနေရတယ်။ မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေရင်း မှာလုဆဲဆဲ မုန့်ဟင်းခါးပွဲကို ဘဲဥနဲ့ကောင်းမလား၊ အကြော်နဲ့အဆင်ပြေမလား စဉ်းစားရတာမျိုးကနေ ဘဝတစ်ခုလုံးနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်တွေ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေအထိပေါ့။ ကိစ္စရပ်တစ်ခုချင်းအပေါ်မူတည်ပြီး အချိန်ဘယ်လောက်ယူရမယ်၊ ဘယ်အတိုင်းအတာအထိ အလေးအနက်ထားသင့်တယ် ဆိုတာမျိုးတွေ ခြားနားသွားမှာပေါ့။
Apr 16, 2023
၀၁
ပိတောက်ဝါဝါ ငုဝါဝါတို့ သိန်သရေထိန်ဝေလို့တောက်ခဲ့ပြီ။ ငုနှင့်ပိတောက်တို့အလှချင်းဆိုင်၊ ဂုဏ်ချင်းပြိုင်နေကြပြီ။ သင်္ကြန်မိုးပြေးကလေးတစ်ဖြိုက် ရွာအပြီးတွင် ပိတောက်ပန်းတို့ အစွမ်းကုန်ပွင့်လန်းကာ ပင်လုံးကျွတ်ထိန်ဝေနေသည်မှာ ရွှေစင်ရွှေမှုန်တို့ကပ်ငြိနေသည်သို့ ထင်မှတ်ရသည်။ ပိတောက်ပင်၏ အောက်ခြေမြေတလင်း၌ ပြန့်ကြဲနေသည့် ပိတောက်ပန်းကြွေတို့မှာလည်း နင်းရက်စရာမရှိ။ ရွှေစင်ရွှေစက်တို့အား ပက်ဖျန်းကြဲပက်ထားသည့် အလား။ ပိတောက်ပန်း၏ ရနံ့ကလည်း စူးရှမွှေးမြနေသည်။ အဝေးအသံချဲ့စက်မှ သင်္ကြန်တေးသံက လွင့်ပျံလာသည်။ တီးလုံးတီးကွက်က မြိုင်မြိုင်ဆိုင်ဆိုင်။ ဗီစီဒီခွေဖြင့် ဖွင့်ထားသည့် တေးသံဖြစ်လိမ့်မည် ထင်သည်။ ကြားနေရသောသင်္ကြန်သံချပ်သံနှင့်အတူ ဖြတ်သန်းခဲ့ရသော ငယ်ဘဝကို တမ်းတဖြစ်မိပြန်သည်။
Apr 13, 2023
လူတိုင်းဟာ နေ့စဉ်ဘဝမှာ နေထိုင်စဉ်မှာပဲ ကိုယ်ကျင့်တရားကောင်းမွန်အောင်၊ လုံ့လဝီရိယနဲ့ အသိပညာရအောင် ကြိုးစားအားထုတ်နေမှုဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ အဲဒီထဲမှာမှ လူတွေရဲ့အခြေခံသဘောဟာ ကိုယ်ကျင့်သီလကောင်းဖို့ လိုအပ်သလို အရာရာမှာ ကြိုးစားအားထုတ်ဖို့၊ အထူးသဖြင့် အသိပညာ၊ အတတ်ပညာရရှိအောင် ကြိုးစားအားထုတ်နေဖို့ လိုအပ်ပါတယ်။
Apr 13, 2023
၀၁
အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်စွန်းတွင် တည်ရှိသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသည် ၂၀၂၁ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ ၉၇ ဒသမ ၆ သန်းရှိပြီး ကမ္ဘာပေါ်တွင် ၁၆ ခုမြောက်၊ အာရှတွင် အဋ္ဌမမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ ၂၀၁၈ လေ့လာချက်အရ ကျေးလက်ဒေသ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၁၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး မြို့ပြ၏ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၉ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိသည်။
Apr 12, 2023
တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ နှစ်ဦးလလည်းဖြစ်သည်။ တန်ခူးလ၏အမည်ကို “စန္ဒြာမာသ” ဟုလည်းခေါ်ကြသည်။ တန်ခူးလကို “တန်းခူးလ” ဟုလည်း ခေါ်ကြသည်။ တစ်ခါတစ်ရံပျို့ကဗျာတို့၌ “တာကူးလ” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။ တာကူးလဟု ရေးသားရခြင်းမှာ မိန်ရာသီမှ ပြိဿရာသီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ဝေါဟာရ လိနတ်တဒီပနီကျမ်းရေးသားသူ လှေသင်းအတွင်းဝန်မင်းက ဖော်ပြခဲ့သည်။ ထိုဝေါဟာရကို အခြေခံ၍တာကူးမှ ကာလရွေ့လျားသည့်အခါ တန်ခူးလဟု ခေါ်ဆိုခြင်းဟုလည်းဆိုကြသည်။
Apr 11, 2023
ဆောင်းပါး
မြန်မာ့ရိုးရာမဟာသင်္ကြန်ရက်များအတွင်း မြန်မာပြည်သူပြည်သားများ ပျော်ရွှင်စွာရေကစားနိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၌ မြို့နယ်အလိုက်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ ဆောက်လုပ်လျက်ရှိရာ သင်္ကြန်မဏ္ဍပ်များတွင် ဖြစ်ပေါ်နိုင်သော “လျှပ်စစ်အန္တရာယ်’’ ကြိုတင်ကာကွယ်ရေးအတွက် “လျှပ်စစ်အသိ၊ လျှပ်စစ်သတိ” ရှိကြစေလိုသည်။
Apr 11, 2023
ဆောင်းပါး
လူ့ဘဝဟာ ရခဲစွာမို့ ဘဝတိုတို ထိုထိုအမှုတွေကြား အချိန်ရှိခိုက်လုံ့လစိုက်ပြီး သတိတရားရလိုငြား၍ ဘာဝနာဘက်အာရုံစိုက်ကာ တစ်ဖန်လှည့် ဖြစ်ခဲ့ကြပြန်ပေပြီ။ ကောင်း‌သောအလုပ်မို့ ကိုယ်နှင့် ဆန္ဒတူလုပ်ဖော်ကိုင်ဖက်တချို့ အပါခေါ်ကာတာဝန်တစ်ခုနှယ် ထမ်းရွက်ခဲ့ကြပြန်သည်။ တာဝန်ဆိုသည်မှာ သာသနာ့တာဝန်၊ မိမိတန်ဖိုးထားသည့် ဘာသာသာသနာ ဆုတ်ယုတ်မသွား တိုးတက်ပွားများအောင် သာသနာ့အနွယ်မှာ ဆံကိုပယ်၍ သင်္ကန်းဝတ်ကာ ရခဲလှသည့်ဒုလ္လဘဘဝ၊ သီလရှင်ဘဝ၊ ယောဂီဘဝများခံယူပြီး သာသနာ့ဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းရွက်ကြသည့်သဘော၊ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြသည့်သဘောမျှသာ...။