Skip to main content
Apr 12, 2023
တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ နှစ်ဦးလလည်းဖြစ်သည်။ တန်ခူးလ၏အမည်ကို “စန္ဒြာမာသ” ဟုလည်းခေါ်ကြသည်။ တန်ခူးလကို “တန်းခူးလ” ဟုလည်း ခေါ်ကြသည်။ တစ်ခါတစ်ရံပျို့ကဗျာတို့၌ “တာကူးလ” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။ တာကူးလဟု ရေးသားရခြင်းမှာ မိန်ရာသီမှ ပြိဿရာသီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ဝေါဟာရ လိနတ်တဒီပနီကျမ်းရေးသားသူ လှေသင်းအတွင်းဝန်မင်းက ဖော်ပြခဲ့သည်။ ထိုဝေါဟာရကို အခြေခံ၍တာကူးမှ ကာလရွေ့လျားသည့်အခါ တန်ခူးလဟု ခေါ်ဆိုခြင်းဟုလည်းဆိုကြသည်။
Apr 11, 2023
ဆောင်းပါး
မြန်မာ့ရိုးရာမဟာသင်္ကြန်ရက်များအတွင်း မြန်မာပြည်သူပြည်သားများ ပျော်ရွှင်စွာရေကစားနိုင်ကြရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၌ မြို့နယ်အလိုက်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးစင်မြင့်များ ဆောက်လုပ်လျက်ရှိရာ သင်္ကြန်မဏ္ဍပ်များတွင် ဖြစ်ပေါ်နိုင်သော “လျှပ်စစ်အန္တရာယ်’’ ကြိုတင်ကာကွယ်ရေးအတွက် “လျှပ်စစ်အသိ၊ လျှပ်စစ်သတိ” ရှိကြစေလိုသည်။
Apr 11, 2023
ဆောင်းပါး
လူ့ဘဝဟာ ရခဲစွာမို့ ဘဝတိုတို ထိုထိုအမှုတွေကြား အချိန်ရှိခိုက်လုံ့လစိုက်ပြီး သတိတရားရလိုငြား၍ ဘာဝနာဘက်အာရုံစိုက်ကာ တစ်ဖန်လှည့် ဖြစ်ခဲ့ကြပြန်ပေပြီ။ ကောင်း‌သောအလုပ်မို့ ကိုယ်နှင့် ဆန္ဒတူလုပ်ဖော်ကိုင်ဖက်တချို့ အပါခေါ်ကာတာဝန်တစ်ခုနှယ် ထမ်းရွက်ခဲ့ကြပြန်သည်။ တာဝန်ဆိုသည်မှာ သာသနာ့တာဝန်၊ မိမိတန်ဖိုးထားသည့် ဘာသာသာသနာ ဆုတ်ယုတ်မသွား တိုးတက်ပွားများအောင် သာသနာ့အနွယ်မှာ ဆံကိုပယ်၍ သင်္ကန်းဝတ်ကာ ရခဲလှသည့်ဒုလ္လဘဘဝ၊ သီလရှင်ဘဝ၊ ယောဂီဘဝများခံယူပြီး သာသနာ့ဝန်ကို တစ်ပိုင်တစ်နိုင် ထမ်းရွက်ကြသည့်သဘော၊ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကြသည့်သဘောမျှသာ...။
Apr 10, 2023
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း လျှောက်လွှာတွင်ဖော်ပြရပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည် -
Apr 09, 2023
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသော အဖွဲ့အစည်းဖြစ်သည်။
Apr 07, 2023
01
ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့ ညဘက် တီဗွီသတင်းတွင်ကြည့်လိုက်ရသည်။ နောက်တစ်နေ့ သတင်းစာတွင်လည်း စိတ်ဝင်တစားဖတ်မိသည်။ “အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ” ဆိုသည့် သတင်းဖြစ်သည်။
Apr 07, 2023
01
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာဆီ ကို အိတ်ဖွင့်ပေးစာရေးတယ်ဆိုလို့ ဘယ်သူများလည်းလို့ စိတ်ဝင်စားနေကြပါလိမ့် မယ်။
Apr 06, 2023
1
ပြီးခဲ့သည့် မတ် ၈ ရက် ညဘက် တီဗွီသတင်းတွင်ကြည့်လိုက်ရသည်။ နောက်တစ်နေ့ သတင်းစာတွင်လည်း စိတ်ဝင်တစားဖတ်မိသည်။ “အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ” ဆိုသည့် သတင်းဖြစ်သည်။
Apr 05, 2023
ဆောင်းပါး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားကြီးထွားလာသည့် နိုင်ငံကြီးဖြစ်ပါသည်။ ရုရှားပြည်သူများသည် မိမိတို့နိုင်ငံတော်ကို ခေတ်မီပြီးအင်အားကြီးသော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin ၏ ဦးဆောင်မှုအောက်တွင် အင်တိုက်အားတိုက်တည်ဆောက်နေပေသည်။
Apr 05, 2023
ဆောင်းပါး
၂၀၂၃ ခုနှစ်နှစ်ဆန်းကာလကတည်းကစပြီး မတည်ငြိမ်မှုတွေနဲ့ကမ္ဘာတစ်ဝန်းမှာ သပိတ်မှောက်မှုတွေ၊ ချီတက်ဆန္ဒပြမှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ခပ်စိပ်စိပ်လေးလှုပ်ခတ်လာတာ သတိထားမိကြပါလိမ့်မယ်။ တချို့ဒေသတွေမှာ အပြင်းအထန်၊ တချို့ဒေသတွေမှာတော့ မသိမသာ၊ အနောက်အုပ်စုဘက်က NATO နဲ့ EU အဖွဲ့ဝင်ပြင်သစ်နဲ့အရှေ့အလယ်ပိုင်းက အစ္စရေးတို့ကတော့ လတ်တလောအပြင်းထန်ဆုံး၊ အဆိုးရွားဆုံးပါပဲ။