Mar 03, 2024
ဇီဝမျိုးစုံမျိုးကွဲဆိုတာကတော့ ကမ္ဘာပေါ်မှ ဇီဝကွဲပြားမှုအမျိုးမျိုးကို ဆိုလိုတာဖြစ်ပြီး အပင်တွေ၊ သတ္တဝါတွေ၊ သေးငယ်တဲ့ အဏုဇီဝရုပ်တွေရဲ့ သက်ရှိလက္ခဏာပုံစံအမျိုးမျိုးနဲ့ အဲဒီသက်ရှိတွေ ပါဝင်နေတဲ့ ဂေဟစနစ်တွေဖြစ်ပါတယ်။ ဂေဟစနစ်ရဲ့ အကျဉ်းချုပ်အဓိပ္ပာယ်ကတော့ သက်ရှိ (အပင်နဲ့ တိရစ္ဆာန်) တွေနဲ့ သက်မဲ့ရုပ်ဝတ္ထု (ရေ၊ မြေ၊ လေ၊ အပူချိန်၊ စိုထိုင်းဆ စသည်)တွေ တစ်ခုနဲ့တစ်ခု ညီညွတ်မျှတစွာ အပြန်အလှန်ဆက်နွှယ်ပေါင်းယှက်နေတဲ့ သဘာဝစနစ်ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။
Mar 03, 2024
စပါးသည် မြန်မာနိုင်ငံ၏ ပင်မစိုက်ပျိုးရေးပင်။ စပါးမှဆန်ကို အချောထုတ်ယူပြီး ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာနှင့် စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုကြသည်။ ထိုသို့ဆန်ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသည့်ဖွဲနုကို ယခင်က တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသော်လည်း ယခုအခါ Solvent Extraction and Physical Refining နည်းပညာနှင့် ပေါင်းစပ်ကာ စားသုံးနိုင်သည့်ဖွဲနုဆီအဖြစ် ထုတ်လုပ်အသုံးပြုနေကြပြီဖြစ်သည်။
Mar 02, 2024
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားသောစိုက်ပျိုးရေးနိုင်ငံဖြစ်ပါသည်။ အဓိကအကြောင်းရင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ခေတ်မီနည်းပညာများရရှိမှုနည်းပါးခြင်း၊ ကူညီပံ့ပိုးမှုစနစ်များအားနည်းခြင်းစသည်တို့ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သုတေသီများက ပြောကြားကြပါသည်။
Mar 01, 2024
မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကိုအခြေခံထားသာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လယ်ယာသီးနှံအထွက်နှုန်းတိုးတက်ရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရှေးယခင်တောင်သူလယ်သမားများ၏ အခက်အခဲမျိုးစုံ၊ ရပ်တည်ချက်မျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သမိုင်းမှတ်တိုင်များသည် ကမ္ဘာတည်သရွေ့ မမေ့နိုင်သည့် အဖြစ်အပျက်များဖြစ်ခဲ့သည်။
Mar 01, 2024
ဦးမိုးကြီး၏ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ထွေရာလေးပါးစကားတွေပြောရင်း ထုံးစံအတိုင်းပွဲကျနေကြသည်။ မြန်မာနိုင်ငံသန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြခြင်းဖြစ်သည်။
Feb 29, 2024
တိုးတက်နေသောလူဦးရေနှင့် ဝင်ငွေတိုးပွားရေး ရည်မှန်းချက်တို့သည် ကမ္ဘာတစ်ဝန်းရှိ မြေယာနှင့် အခြားအရင်းအမြစ်များအပေါ်တွင် ဖိအားပေးလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုသည် အစားအစာထောက်ပံ့ပေးနိုင်မှုနှင့်ဖူလုံမှုတို့ကို မြှင့်တင်နိုင်ရေးမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြသော တောင်သူလယ်သမားတစ်ဦးချင်းစီ၏ လယ်ယာတစ်ဧကအတွင်းမှ ထုတ်လုပ်မှုမြင့်မားရေးသည် အဓိကလိုအပ်ချက်တစ်ခု ဖြစ်လာသည်။
Feb 29, 2024
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများအခွင့်အရေးဥပဒေ (၂၀၁၅) ပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်စေလျက်ရှိပါသည်။ အမျိုးသားကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြု စေရေးအတွက် ဥပဒေနှင့်အညီ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိပါသည်။
Feb 29, 2024
မိငယ်လေး။။ မမကြီးရေ မမကြီး။ ညီမလေးတော့ မယ်သီလရှင် ဝတ်ရတော့မလား။ ယောက်ျားပဲယူရမလား။ ဘာလုပ်ရမလဲမသိတော့ဘူး။ အခုတက်နေတဲ့ သင်တန်းလည်း ပြီးအောင် ဆက်တက်ချင်သေးတယ်။ ကျောင်းကလည်း မပြီးသေးဘူး။ ကိုဗစ်ရောဂါတွေ ဖြစ်တာရော၊ နိုင်ငံရေးရောနဲ့ ကျောင်းကနားရသေး တယ်။ အခုလည်း စစ်မှုထမ်းရဦးမယ်ဆိုရင် မိငယ်လေး ကျောင်းရော ပြီးပါဦးမလားမသိဘူး။ တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ်။
Feb 29, 2024
အဂတိသည် ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းများ၏ အကြောင်းတရားများအနက် တစ်ခုဟု ဆိုကြသည်။ သို့သော် ၎င်းအဂတိသည် ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများတွင်လည်း အဘယ့်ကြောင့် အမြစ်တွယ်လှိုက်စားတတ်သော မကောင်းမှုကြီးတစ်ခု ဖြစ်နေရပြန်သနည်း။
Feb 28, 2024
စာရေးသူတာဝန်ထမ်းဆောင်တာက နေပြည်တော်မှာ၊ မိသားစုက ရန်ကုန်မှာ၊ ကလေးတွေ ကျောင်းတက်တာက ရန်ကုန်မှာဆိုတော့ မိသားစုဘဝနဲ့ အလုပ် ကိစ္စများကို အချိုးညီမျှတစွာ ဆောင်ရွက်ဖို့ရာ အလွန်ခက်ခဲခဲ့ပါတယ်။ မောင်တစ်ရွာ၊ မယ်တစ်မြို့ပေါ့။ ကလေးတွေ ပုံမှန်နွေရာသီ ကျောင်းပိတ်ချိန်၊ နေ့ကြီးရက်ကြီး ကျောင်းပိတ်ရက်များမှာ အမျိုးသမီးက ခွင့်ယူပြီး မိသားစု နေပြည်တော်မှာ ဆုံကြရတာများပါတယ်...
