Mar 31, 2024

“လောကကို ကောင်းအောင်ပြုလုပ်ရာ၌ တစ်ယောက် နှစ်ယောက်ပြုလုပ်၍မကောင်း၊ အများနှင့်ပြုလုပ်မှ ကောင်းသည်။
Mar 29, 2024

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက် ပိုင်းက ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသကိုဖြတ်ကျော်ပြီး စစ်တွေမြို့အနီးမှ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ၏ အဖျက် စွမ်းအားမှာ အလွန်ကြီးမားလှပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမည်ရှေ့တိုင်း၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟု ပညတ်ကြသော်လည်း ယခုမိုခါဆိုင်ကလုန်းမုန်တိုင်းမှာမူ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိရှိသဖြင့် “အလွန့်” အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။
Mar 28, 2024

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Strom) “မိုခါ” က ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ကပ္ပလီ ပင်လယ်ပြင်တို့မှနေ၍ မကြုံစဖူး ကြီးမားပြင်းထန်လှသောအင်အားဖြင့် မြန်မာ နိုင်ငံကို ခြိမ်းခြောက်နေချိန်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပခဲ့သည်။ မုန်တိုင်းမကျ ရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် အဆိုပါအရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း အမှာအကြားပြုခဲ့သည့်အပြင် “ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ကိုလည်း ပြောကြားခဲ့သည်။
Mar 27, 2024

ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
Mar 26, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 26, 2024

မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။
Mar 26, 2024

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့အနီး ကုန်းတွင်းပိုင်းဆီသို့ ဝင်ရောက်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်းနှင့် မုန်တိုင်းဟူသည် မစိမ်းသော်လည်း အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်မှုသည် ဖြစ်တောင့်ဖြစ်ခဲကံဆိုးလှသည့် သဘာဝဘေးအန္တရာယ်ပင်ဖြစ်သည်။
Mar 25, 2024

လူတို့သည် အစာမစားဘဲ တစ်လခန့် အသက်ရှင်နေနိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
Mar 25, 2024

သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှု” ဟုဆိုသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်ခြင်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
Mar 25, 2024

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။