Mar 27, 2024

ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
Mar 26, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 26, 2024

မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။
Mar 26, 2024

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့အနီး ကုန်းတွင်းပိုင်းဆီသို့ ဝင်ရောက်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်းနှင့် မုန်တိုင်းဟူသည် မစိမ်းသော်လည်း အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်မှုသည် ဖြစ်တောင့်ဖြစ်ခဲကံဆိုးလှသည့် သဘာဝဘေးအန္တရာယ်ပင်ဖြစ်သည်။
Mar 25, 2024

လူတို့သည် အစာမစားဘဲ တစ်လခန့် အသက်ရှင်နေနိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
Mar 25, 2024

သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှု” ဟုဆိုသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်ခြင်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
Mar 25, 2024

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) သည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
Mar 25, 2024

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Mar 24, 2024

တပေါင်းသာခေါင် လများနောင်ဆိုသည့် ဆိုရိုးနှင့်အညီ မြန်မာလများတွင် တပေါင်းလသည် ၁၂ လမြောက်နောက်ဆုံးလဖြစ်ပြီး သာယာတင့်မောဖွယ်ရာလဟုဆိုကြသည်။ ဆောင်းအကုန် နွေအကူး မိန်ရာသီအစချိန်ကာလကလည်းဖြစ်ကာ ဆောင်းတစ်ဝက် နွေတစ်ဝက်လပင်ဖြစ်သည်။ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်းဟု ဆိုစမှတ်ပြုကြသည်။ လောကသဘာဝတစ်ခုလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်လှနေသည်။ ရှင်ဥတ္တမကျော်သည် သူ၏တောလားကဗျာတွင် တပေါင်းလ၏ တင့်တယ်သာယာပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သော ပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား”ဟု ဖွဲ့ဆိုခဲ့သည်။
Mar 24, 2024

တီဘီရောဂါသည် ယခုအချိန်ထိ ကမ္ဘာ့အသေအပျောက် အများဆုံးရောဂါများထဲမှ တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး မကြာသေးမီနှစ်များကပင် ဆေးယဉ်ပါးတီဘီရောဂါအတွက် စိုးရိမ်စရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသတိပြုကြမိမည်ထင်ပါသည်။