Apr 08, 2024

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည်။ အထူးသဖြင့် အထက်မြန်မာပြည် မန္တလေးအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အပူချိန်များသည်။ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားကာ ယခုနှစ်တွင်လည်း မတ်လမှစပြီး သိသိသာသာ ပူပြင်းလာပါသည်။
Apr 08, 2024

လက်ဖက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုးများ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုကို အဓိကအသုံးပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟုခေါ်သော အခါးရည် (ရေနွေးကြမ်း) (Green Tea) အဖြစ် အသုံးများကြသည်။ သီရိလင်္ကာနိုင်ငံတွင် လက်ဖက်ကို မိရိုးဖလာရိုးရာအသိပညာကို တစ်ဆင့်မြှင့်၍ တီထွင်ဖန်တီးမှုပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။
Apr 08, 2024

၂၁ ရာစုမှာ ဒစ်ဂျစ်တယ်ကမ္ဘာကြီးက လူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ လူသားနဲ့ဒစ်ဂျစ်တယ်ကမ္ဘာ ခွဲခြားလို့မရတော့ပါဘူး။
Apr 08, 2024

“ကိုအောင်ရေ... မိုးလေဝသနဲ့ ဇလဗေဒဌာနက ကြေညာထားတဲ့ ဒီသတင်းမင်းဖတ်ပြီးပြီလား။ မဖတ်ရသေးရင် ငါဖတ်ပြမယ်။”
Apr 08, 2024

ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံခေါင်းဆောင် အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဗလာဒီမီယာပူတင်တစ်ယောက် သမ္မတအဖြစ် ၅ ကြိမ်မြောက် ထပ်မံအရွေးချယ်ခံရတာကြောင့် ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေကို နောက်ထပ်သက်တမ်း ၆ နှစ် ခေါင်းဆောင်ခွင့်ရခဲ့ပြန်ပါပြီ။ ရုရှားနိုင်ငံတော်နဲ့ ရုရှားပြည်သူတို့ရဲ့ အနာဂတ်အတွက် အထိုက်တန်ဆုံးသော ခေါင်းဆောင်ကောင်းတစ်ဦးကို ရုရှားပြည်သူတို့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။ အကြောင်းက ယခုလိုကာလမှာ ရုရှားပြည်သူတွေ လျှောက်လှမ်းနေတဲ့ ဖွံ့ဖြိုးမှုလမ်းမဆီကနေ လမ်းမချော်အောင် ပဲ့ကိုင်ပေးနေတဲ့တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ပူတင်တစ်ဦးတည်းကိုပဲ ရုရှားပြည်သူတွေက မှတ်ယူထားလို့ဖြစ်ပါတယ်။
Apr 07, 2024

ကျန်းမာခြင်းဆိုသည်မှာ ရောဂါဘယ ကင်းရှင်း၍ ခန္ဓာကိုယ်ချို့ယွင်းမှု မရှိရုံ မျှသာမကကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့ဖြင့် ပြည့်စုံနေသောအခြေအနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၁၉၄၈)ခုနှစ်တွင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ကျန်းမာသည်ဟု ဆိုနိုင်ရန်မှာ အခက်အခဲများ ကြုံတွေ့နေရပါသည်။ ရာသီဥတုနှင့် ဂေဟစနစ်ပြောင်းလဲလာမှု၊ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာမှုနှင့်အတူ ကူးစက်ရောဂါအသစ်များ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသောရောဂါများနှင့် အခြားမကူးစက်နိုင်သောရောဂါများသည် ကမ္ဘာ့လူသားများ၏ ကျန်းမာရေးတို့ကို ခြိမ်းခြောက်လာ လျက်ရှိပါသည်။ ကမ္ဘာအနှံ့လူသန်းပေါင်းများစွာ၏ ကျန်းမာရေးကိုထိခိုက်နေမှုများ နေ့စဉ်နှင့်အမျှ များပြားလာလျက်ရှိနေပါသည်။
Apr 06, 2024

မြန်မာ့ဆယ့်နှစ်လရာသီလများတွင် “တပေါင်းသာခေါင် လများနောင်” ဆိုသည့် တပေါင်းလသည် ရှေးပုဂံခေတ်တစ်လျှောက်လုံး ဝိသဇ္ဇနီ(ဝစ္စနှစ်လုံးပေါက်) မပါဘဲ “တပေါင်” ဟုသာ ရေးထိုးကြ၏။
Apr 06, 2024

ဒီနှစ်ရန်ကုန်မှာ ပိတောက်ပန်းတွေ စောစောစီးစီးပွင့်ကြတယ်။ မတ်လနောက်ဆုံးပတ်မှာ မိုးပြေးလေးကလည်း “တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုး” နဲ့ရောပြီး တစ်ဖြိုက် နှစ်ဖြိုက်ရွာလိုက်တော့ ပိတောက်တွေကလည်း ဝေဝေဆာဆာပွင့်လိုက်ကြတာ၊ အချို့နေရာတွေများ ဆိုပင်လုံးကျွတ်မျှပဲ။ တစ်ချက်တစ်ချက် လေပြေအဝှေ့မှာ ပိတောက်ရနံ့တွေက သင်္ကြန်အငွေ့အသက်တွေကို သယ်ဆောင်လာသလို ခံစားရတော့ စိတ်ထဲကြည်နူးလိုက်တာလွန်ပါရော။
Apr 05, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Apr 05, 2024

လူ့အဖွဲ့အစည်းမှာ တရားမဝင်သောလုပ်ငန်း၊ ခွင့်မပြုသောလုပ်ငန်းဟူသည်မရှိစကောင်းပါ။ တရားမဝင်သည်ကို တရားဝင်အောင်လုပ်ရမည်သာဖြစ်သည်။ အထူးသဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်မြန်မာ့ဓလေ့စရိုက်နယ်ပယ်တွင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို မလေးမစားပျက်ရယ်ပြုဖောက်ဖျက်သော ကျူးလွန်မှုများကြောင့် မြန်မာတို့၏ တန်ဖိုးကျဆင်းရသည့်မြင်ကွင်းများ တွေ့မြင်နေရသည်။