အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။


Jul 08, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစား မှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ အိန္ဒိယနိုင်ငံသား ၈ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့အား ယနေ့တွင် မြန်မာ - ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၂၃ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

Jul 08, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Jul 08, 2025
ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်တရားရုံး၌ In Person / Virtual စနစ်ဖြင့် ကျင်းပသည်။

Jul 08, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Jul 08, 2025
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

Jul 08, 2025
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “သစ္စာရှိ လက်နက်မဲ့ Non CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်သတ်ဖြတ်နေတဲ့ ဝရမ်းပြေးနိုင်ငံမဲ့ NUG ၊ CRPH နဲ့ အကြမ်းဖက် PDF အဖွဲ့”ခေါင်းစဉ်ဖြင့် ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

Jul 08, 2025
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော ရမည်းသင်းမြို့နယ်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Jul 08, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လက်ပံကုန်းကျေးရွာအုပ်စု နောင်ဝယ်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဒေါ်အေးနွမ်းစံ၏ ကောင်းမြန်မာ နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
နောက်ဆုံးရသတင်းများ

Jul 08, 2025Latest News
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက

Jul 08, 2025Latest News
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်း

Jul 08, 2025Latest News
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Jul 08, 2025Latest News
ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်တရားရုံး၌ In Person / Virtual စနစ်ဖြင့် ကျင်းပသည်။

Jul 08, 2025Latest News
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
ဆောင်းပါးကဏ္ဍ
- Jul 08, 2025ဥစ္စာမကြွယ် ဂျင်ဂလယ်နိုင်ငံငယ်လေးများ မှတ်မှတ်သားသားရှိကြပါကုန်။
- Jul 08, 2025မြတ်ဗုဒ္ဓ၏ အဆုံးအမများတည်ရာ ဤသာသနာအဆုံးအမများနှင့်အညီ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအကျင့်သိက္ခာသုံးဖြာတို့သည် ကျင့်ကြံအားထုတ်ရမည့်တရားများဖြစ်ကြောင်း ဂေါတမမြတ်စွာဘုရား၏ ဘုရားဖြစ်ပြီးချင်း ဦးဆုံးတရားဦးဖြစ်သည့် ဓမ္မစကြာတရားတော်ကြီးကို ဦးဦးဖျားဖျားနာကြားခွင့်ရခဲ့ကြသော ပဉ္စဝဂ္ဂီငါးဦးတို့သည် ဤတရားတော်ကို နာကြားပြီးစဉ်မှာပင် တစ်ဦးပြီးတစ်ဦး သောတာပန်ဖြစ်ပြီး ဧဟိဘိက္ခုရဟန်းများ ဖြစ်သွားခဲ့ကြသည်။
- Jul 07, 2025ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို ငွေရောင်ဆူနာမီလှိုင်းများ (Silver Tsunami) ဟု ရည်ညွှန်းခေါ်ဆိုလာခြင်း ဖြစ်ပါသည်။
- Jul 06, 2025ပညာရေးသည် လူတစ်ဦး၏ဘဝတိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ ငယ်စဉ်ကတည်းကပုံမှန်ပညာရေးကို စဉ်ဆက်မပြတ်သင်ယူခဲ့သော လူငယ်များသည် နေ့စဉ်လူနေမှုဘဝကို မကြောင့်မကြမတောင့်မတဖြင့် ဖြတ်သန်းရလေ့ရှိကြသည်။ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည်လှည့်ဖြားခံရမှု အလားအလာနည်းပါးလျက်ရှိသည်။
- Jul 06, 2025သောက်သုံးရေရှားပါးမှု၊ ရေနံဈေးနှုန်းများ မြင့်တက်မှုများနှင့်ပတ်သက်၍ သတင်းများကို မကြာခဏကြားလာရ သောအခါ အနာဂတ်ကာလများတွင် “ရေ” သည်လည်း လူသားတို့ စိုးရိမ်ပူပန်ရသည့် အရေးကြီးကုန်စည် သို့မဟုတ် ရှားပါးအရင်းအမြစ် ဖြစ်လာတော့မည်၊ ရေရှားပါးမှု အခက်အခဲများ ကျယ်ပြန့် လာတော့မည်ဟု ကြိုတင်တွေးပူနေကြလိမ့်မည်။
- Jul 06, 2025၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ နှစ်စဉ် ဇူလိုင်လ ၆ ရက်နေ့ကို ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အဖြစ် သတ်မှတ်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (A/78/L.84/Rev2) ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။