အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ (၂၀၂၀) ပြည့်နှစ်၊ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီခွဲက Video conferencing စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး အဖွင့်မိန့်ခွန်း ပြောကြားသည်။
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ် ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ Zoom Application ဖြင့် ကျင်းပ သည်။
အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ
အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ ယင်းနှင့် ပူးတွဲ ကျင်းပ သော US-ASEAN Business Council – ASEAN Finance Minister and Central Bank Governors' Meeting ကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing ဖြင့် ကျင်းပသည်။
ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့်မြန်မာသင်္ဘောသားများအား မြန်မာ နိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန် နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၈) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၈) ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်းလိုင်း ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ ကြ သည်။
(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် video conferencing ဖြင့် ဆက်လက်ကျင်းပသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ စဝ်စံထွန်းဆေးရုံကြီး ၌ အောက်ဆီဂျင်စက် နှင့် အာဟာရဒါနအလှူငွေလှူဒါန်း
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် ဆေးရုံသုံးပစ္စည်း အောက်ဆီ ဂျင်စက် နှင့် အဟာရဒါနအလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ကျင်းပသည်။
ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
ယခု Stay at Home နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ် - ၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုး စားလျက် ရှိကြောင်း ဒီနေရာကနေ အသိပေးအပ်ပါတယ်(ပါမောက္ခ ဒေါက်တာဇော်ဝေစိုး)
ယခု Stay at Home နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ ကိုဗစ် - ၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုး စားလျက် ရှိကြောင်း ဒီနေရာကနေ အသိပေးအပ်ပါတယ်
သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်
ကိုဗစ်-၁၉ ရောဂါသည် လူတစ်ယောက် ကိုယ်ခံအားကောင်းနေသရွေ့ ထိုလူ၏အသက်ကို အလွယ် တကူ သေဆုံးသွားနိုင်အောင် ပြုလုပ်နိုင်စွမ်း မရှိပါ။ သို့သော် ထိုလူသည် ရောဂါအခံများရှိပြီး ကိုယ်ခံအားနည်းနေပါက ကိုဗစ်ရောဂါဖြင့် အလွယ်တကူ ချက်ချင်းအသက်သေဆုံးနိုင်သည်ကို အားလုံးသိရှိကြပြီး ဖြစ်ပါသည်။ လက်ရှိကာလ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုစာရင်းများကို ကြည့်မည်ဆိုလျှင် အသက် ၄၀ ကျော်၊ အသက် ၅၀ ကျော်၊ အသက် ၆၀ ကျော်နှင့်အထက်ဟူ၍ အုပ်စုများကို တွေ့ရမည် ဖြစ်ရာ ရောဂါအခံရှိသော အသက် ၄၀ ကျော်၊ ၅၀ ကျော်တို့မှာ လုပ်ရင်း ကိုင်ရင်း၊ သွားရင်းလာရင်း ကိုဗစ်နှင့် ထိတွေ့ကာ သေဆုံးရခြင်း ဖြစ်သည်။
လောကအရေးသည် ကိုယ့်အရေးလည်းဖြစ်၏
ကမ္ဘာကြီး၏ မည်သည့်နေရာ၌မဆို ပူလောင်စရာတစ်ခုခု ရှိနေပြီဆိုလျှင် မိမိနှင့်မဆိုင်ဟု သဘော ထား၍မရ။ တစ်နေရာရာတွင် လူတစ်ဦးဦး ဒုက္ခရောက်နေပြီဆိုလျှင်သူ့တစ်ယောက်တည်း၏ ဒုက္ခမဟုတ်၊ လူသား အားလုံးနှင့် သက်ဆိုင်နေသည့် ဒုက္ခ။
