Skip to main content

ဥပဒေအထောက်အကူပေးရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်

နေပြည်တော် ဩဂုတ် ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည် ဖော်လျက်ရှိသော လုပ်ငန်း များတွင် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ဥပဒေ အထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်း ခြင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး နည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော် က စာအုပ်များပေးအပ်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားရာတွင် မိမိတို့အဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာအထောက်အကူ လိုအပ်သော ပြည်သူများ အတွက် အခမဲ့ရှေ့နေလိုက်ပေးခြင်း၊ ဥပဒေ အရအကြံဉာဏ်များပေးခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ အသိပညာ ပေးခြင်းများဆောင် ရွက်ပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ ခုခံအား ကျဆင်းသည့်ရောဂါရှိသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ သက်ကြီးရွယ်အိုများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများသည် ရာဇဝတ်မှုများတွင်  ပါဝင်ပတ်သက်ပါက ဥပဒေအရအ ထောက်အကူပေးခြင်း၊ ပြစ်မှုကြောင်း အရနစ်နာသူများ၊ ပြစ်မှုကျူးလွန်ခြင်းခံရ သူများနှင့် ထူးခြားသည့်အကြောင်းအရာများကြောင့် အကူအညီတောင်းခံလာသူများ အား အခမဲ့ ဆောင်ရွက်ပေးပါ ကြောင်းနှင့်မိမိတို့အဖွဲ့၏ ဆောင်ရွက်ချက်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ချိတ်ဆက် ပူးပေါင်း အကောင်အထည် ဖော်ရမည့်ကိစ္စ ရပ်များပါဝင် သောကြောင့် ယခုလို မိတ်ဆက်ဆွေးနွေး ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနသည်ပြည်သူ များ၏ အခြေခံလူ့အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို မွေးစမှသက်ကြီးရွယ်အိုအ ရွယ်အထိ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သောဘေး စသည့်ဘေး ဒုက္ခများ ဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ တုံ့ပြန်ဖြေရှင်းပေးခြင်း၊ ပြန်လည်ထူထောင် ပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရကဦးတည်ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖော်ဆောင်ရေးတို့အတွက် မိမိတို့တာဝန်ယူရသည့် အခန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရား ဥပဒေစိုးမိုးရေးသည် အဓိကအရေးကြီးသည့်အတွက် လက်ရှိဥပဒေများ ကိုဆန်းစစ်ပြီး တရားသော ဥပဒေများပေါ် ပေါက်ရေးနှင့် ဥပဒေစိုးမိုး ရန်ကြိုးစားဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ပြည်သူများ ကလည်း ဥပဒေ အကြောင်း ကိုသိရှိနားလည်ပြီး ဥပဒေနှင့်အညီတရားမျှတမှုရရှိရန်လိုအပ်ပါကြောင်း၊ ယခုအခါ တရားဥပဒေနှင့် ပတ်သက် လာလျှင် ပြည်သူလူထုအား အသိပညာပေးရာတွင် အထောက်အကူပြု အဖွဲ့များ၏ကဏ္ဍကို သိရှိစေရန်လိုအပ်ပြီး ပို၍ပူး ပေါင်းဆောင် ရွက်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေ ဘောင်အတွင်းနေထိုင်ရန် လိုအပ် ကြောင်းသိရှိပြီး ဥပဒေ၏ အကာအကွယ်ပေးမှုကို  အပြည့်အဝရ ယူ နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၁၆) နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇)စာအုပ်များ လှူဒါန်းခြင်း အတွက်လည်း ကျေးဇူး တင် ရှိပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူးဦးခင်ဇော်က ဥပဒေစာအုပ်များကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)