Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန်ရှိသူများနှင့် ကိုဗစ်-၁၉ လူနာများ ကုသရေး နှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန် ရှိသူများနှင့် ကိုဗစ်-၁၉ လူနာများကုသရေး နှင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ ညှိနှိုင်း

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး လုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက Video Conferencing ဖြင့် ကျင်းပ သည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သော ဝန်ထမ်းသားသမီးများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများနှင့် လူငယ် သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုး အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဦးစီးမှူးများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကလေးသူငယ်အခွင့် အရေးနှင့်စပ်လျဉ်း သည့် အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်

NGO Child Rights Working Group (NCRWG) က ကျင်းပသည့် ကလေးသူငယ် အခွင့်အရေးနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။ (၂၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ အတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ -

နေအိမ်တွင် နေထိုင်ခြင်းသည်သာ...

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိန်းဂဏန်းများက ရပ်တန့်မှုမရှိ နေ့စဉ်တိုး၍ သာနေသည်။ စက်တင်ဘာလ၂၁ရက်က ဓာတ်ခွဲ စစ်ဆေးမှုများတွင် ရောဂါပိုး တွေ့ရှိသူပေါင်း ခြောက်ရာကျော် တွေ့ရှိခဲ့သည်။ ခရီးသွားရာဇဝင်မရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ များနှင့်လည်း ထိတွေ့မှုမရှိသည့်သူများ တွင်ပါ ရောဂါပိုး ကူးစက်မှုများ တွေ့ လာရသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအတွက် စည်းကမ်း သတ်မှတ်ချက်များ ထပ်မံထုတ်ပြန်လိုက်သည်။ ။

စိတ်ဓာတ်နှင့် ခွန်အားသစ်

မြန်မာနိုင်ငံ၌ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၌ ယခု ရက်ပိုင်း တွင် ကိုဗစ်ရောဂါ ပြန့်ပွားကူး စက်မှု တိုးလာ၏။ ဓာတ်ခွဲအတည်ပြု ပိုးရှိသူအရေအတွက် များပြားလာ၏။ ထို့ကြောင့် စက်တင်ဘာ လ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုလုံးရှိ မြို့နယ် တိုင်း အိမ်မှာသာနေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ကြေညာချက်ထုတ် လိုက်ပါသည်။ ။

ပြည်ပ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား များအား မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၂ ၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြပါသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၁-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
Subscribe to နေပြည်တော်