ကိုဗစ်-၁၉ ရောဂါသည် ပရိယာယ်မာယာများလှသည်။ ရောဂါ၏ အတိမ်အနက်၊ ရောဂါဖြစ်ပွားမှု ပုံပန်းသဏ္ဌာန် လက္ခဏာကို ခန့်မှန်းရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ရောဂါပိုးရှိသော်လည်း ရောဂါရှိမှန်း မသိနိုင်သည်မှာ အလွန်ဆိုးရွားသောအချက် ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရောဂါပိုးတွေ့လူနာများတွင် ရောဂါလက္ခဏာမပြသသူ ၇၀ ရာခိုင်နှုန်း ကျော်ရှိ ကြောင်း အသိပေးထားသည်။
မေတ္တာဖြင့် ကူညီကြပါစို့
လူ့လောကကြီးတွင် သင်၏အကူအညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့် ကူညီပါ။ သင်၏အနားတွင် သင်၏ အကူ အညီကို လိုအပ်နေသူများစွာရှိ၏။ ထိုသူတို့ကို မေတ္တာဖြင့်ကူညီပါ။
(၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး
(၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အွန်လိုင်းမှ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။
စိုက်ပျိုးသီးနှံများအရည်အသွေးကောင်းမွန်ရေး၊ ရေချွေတာသုံးစွဲနိုင်ရေး ပညာပေးဆွးနွေး
အရာတော်မြို့နယ် တောင်ရိုးကျေးရွာ တောင်သူဦးနိုင်ထူး၏ လျှော်ဖြူနှင့် သနပ်ခါး စိုက်ခင်း များကိုလည်းကောင်း၊ သစ်ကျင်းကြီးကျေးရွာ တောင်သူဦးဖိုးချွန်၏ ရွှေတောင် (၈) ချည်မျှင် ရှည်ဝါနှင့်ပဲစဉ်းငုံ သီးညှပ်စိုက်ခင်းများကိုလည်းကောင်း စစ်ကိုင်းတိုင်းဒေ သကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် အောက် တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး နှစ်ရှည်သီးနှံစိုက်ခင်းများကြား တွင် ရာသီသီးနှံများ ရောနှောစိုက်ပျိုးကြရန်၊ ချည်မျှင်ရှည်ဝါစိုက်ခင်းများမှ အရည်အသွေး ကောင်းမွန်သော ဝါပေါက်များ ကောက်သိမ်းရရှိရေးအတွက် ဝါကောက်သိမ်းချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ဝါကောက်သိမ်းရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျ ကောက်သိမ်းရန် ဆွေးနွေးသည်။
ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ် ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများ၊ အီဂျစ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်း ဒေသတို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၆) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ပထမဦးဆုံး အကြိမ်အဖြစ် စီစဉ်သည့် Titan လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၇နာရီ ၃၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြော တင်ပြ
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
နေပြည်တော် အောက်တိုဘာ ၁
ကိုဗစ်-၁၉ အမေး/အဖြေ ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြ လိုက်ပါသည်။
အကောင်းဆုံးကာကွယ်ထိန်းချုပ်ကြပါစို့
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်စေသည့် ပိုးရှိလူနာများနှင့် ထိတွေ့ထားသောသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းစဉ်များကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် နည်းဗျူဟာအဖြစ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ဆောင်ရွက်နေသည်။ ပိုးတွေ့လူနာများကိုလည်း ဆေးရုံများတွင်ထားရှိပြီး ရောဂါပျောက်ကင်း သက်သာအောင် အလေးထား ဆောင်ရွက်ပေးနေသည်။
