နေပြည်တော် သြဂုတ် ၂၆
အာဆီယံခရီးသွားလုပ်ငန်းအရေးပေါ် အခြေအနေဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ ဒုတိယအကြိမ်မြောက် Video Conferencing အထူးအစည်းအဝေး (2nd Special Video Conference Meeting of ASEAN Tourism Crisis Communication Team on COVID-19) ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာဆီယံခရီးသွား လုပ်ငန်း အာဏာပိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ် များနှင့် အာဆီယံခရီး သွားလုပ်ငန်း စျေးကွက်ညှိနှိုင်းရေးမှူးတို့ ပါဝင်တက်ရောက်ကြသည်။
အထူးအစည်းအဝေးကို အာဆီယံခရီးသွားလုပ်ငန်း အရေးပေါ်အခြေအနေဆက်သွယ် ဆောင်ရွက်ရေး အဖွဲ့၏ ကိုဗစ်-၁၉ ဆိုင်ရာ သက်ရောက်မှုများနှင့်စပ်လျဉ်း၍ အကောင် အထည်ဖော်ဆောင်ရွက် နေမှုများ၏ တိုးတက်မှု အခြေအနေကို အစီရင်ခံတင်ပြရန်၊ ကိုဗစ်-၁၉ လျှော့ချရေးဆိုင်ရာ အတွေ့အကြုံ ကောင်းများ မျှဝေရန်နှင့် နိုင်ငံအလိုက် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို အာဆီယံ ဝက်ဆိုက်တွင် လွှင့်တင်ထားမှု အခြေအနေ များအား သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ် ခင်သန်းဝင်းနှင့် တာဝန်ရှိသူများက Online မှပါဝင်တက်ရောက်ကြပြီး အစည်းအဝေးတွင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုဗစ်-၁၉ ရောဂါကြောင့် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်နေမှုအခြေအနေများ လေ့လာဆန်းစစ်သုံးသပ်ချက် အစီအရင်ခံစာ ပြုစုဆောင်ရွက်မှု၊ ASEAN Travel Bubble/Travel Corridor အကောင်အထည်ဖော်ရေးအတွက် ဆက်စပ် Sectoral Bodiesများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး အေဂျင်စီမှ အဖွဲ့ဝင်နိုင်ငံများ၏ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက် အလက်များကို အာဆီယံ ဝက်ဆိုက်တွင် လွှင့်တင်ထားမှုများနှင့် အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်မြှင်တင်ရေး ဆောင်ရွက်မှု များကို တင်ပြခြင်းကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ABC) မှ အဆိုပြုလာသည့် စက်တင်ဘာလတွင် ကျင်းပမည့် Digital Economy in Tourism Workshop နှင့် ASEAN Comprehensive Recovery Framework အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)