နေပြည်တော် စက်တင်ဘာ ၂၁
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင် သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများနှင့် လူငယ် သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုး အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဦးစီးမှူးများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ပြုခြင်းအခမ်း အနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလဖြစ်သဖြင့် ယခုလိုပုံစံသစ်ဖြင့် ကျင်းပခဲ့ရခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးက ဆုရ ကျောင်းသားကျောင်းသူများ ဗီဒီယိုကွန်ဖရင့်တွင် ပါဝင် တက်ရောက်ကြသည်ကို တွေ့ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်း သည် ဘဝအတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်သဖြင့် ကျောင်းသားကျောင်း သူများ၊ မိဘများ၊ မိဘနှင့်မခြား ပြုစု စောင့်ရှောက်ပေးခဲ့ကြသော သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ဝန်ထမ်းဆရာ ဆရာမများနှင့် ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ တက္ကသိုလ်ဝင် တန်း အောင်မြင်သွားသဖြင့် လေ့လာသင်ယူစရာအခွင့် အလမ်းများ လမ်းပွင့် သွားပြီဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာ များကို သင်ယူနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်း များကို ဖန်တီးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ပညာရှိသည်ဟု ဆိုရာ၌ သင်ယူခြင်း၊ တတ်မြောက်အောင် လေ့ကျင့်ခြင်း အပြင် စဉ်းစားချင့်ချိန်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည် အသက် ၁၈ နှစ်အောက်များဖြစ်သဖြင့် ကလေးသူငယ်အခွင့်အရေး လေးရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံယူပိုင်ခွင့် များကို ရရှိခဲ့ကြသည့်နည်းတူ မြန်မာနိုင်ငံ၏ လူငယ်ရေးရာ မူဝါဒအရ အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိကို လူငယ်ဟု သတ်မှတ်ထားသဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အနေဖြင့် လူငယ်ကဏ္ဍတွင် အကောင်အထည်ဖော်မည့် စီမံချက်များတွင် မိမိတို့ကိုယ်တိုင် ပါဝင်တာဝန်ယူဆောင် ရွက်နိုင်ပြီး အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်ကြကြောင်း၊ လူငယ်ဘဝတွင် လူကြီးများထံမှ အတွေ့အကြုံ ဗဟုသုတ ကောင်းများကို လက်ဆင့်ကမ်းရယူပြီး မိမိတို့လက်ထက် တွင် ရိုးသားခြင်း၊ ကြိုးစားခြင်း တို့ဖြင့် မိမိနှင့် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြပြီး နောင်မျိုးဆက်သစ် များအတွက် ကောင်းမွေများကို ချန်ရစ်နိုင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီး ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ခြောက်ဦးနှင့် ရိုးရိုးအောင် မြင်သော ကျောင်းသား ကျောင်းသူ ၃၂ ဦးတို့အတွက် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၁၅၀၀၀ဝ ကို ချီးမြှင့်ခဲ့ သည်။ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသော ကျောင်းသား ကျောင်းသူများတွင် မသန်စွမ်းကျောင်းသား ကျောင်းသူ ၁၇ ဦး ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်