Sep 22, 2022
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 22, 2022
အကြီးစားပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေသော မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး ကျင်းပပြုလုပ်မည့် ဝိဇယမင်္ဂလာ ဓမ္မသဘင် အဆောက်အအုံလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများသုံးစွဲရေး၊ ပိဋကသုံးပုံပါဠိတော်ကို မြန်မာ-ရိုမန်အက္ခရာ နှစ်မျိုးဖြင့် ကျမ်းစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် ကျမ်းစာအုပ်များ အရည်အသွေးကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ကယနေ့နံနက်ပိုင်းက အဆိုပါလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို မှာကြားသည်။
Sep 21, 2022
အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင် (APSC) မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (The Sixteenth ASEAN Ministerial Meeting on Transnational Crime - AMMTC) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Sep 20, 2022
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 18, 2022
တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းဦးစီးဌာန တာဝန်ရှိသူများကလည်း သတ်မှတ်ဒီဇိုင်း ပုံစံကိုက်ညီရေး၊ အရည်အသွေး စစ်ဆေးမှုလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများကို စီမံချက်ပါအတိုင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားသည်။
မြန်မာ - အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
Sep 18, 2022
မြန်မာ - အိန္ဒိယလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စတုတ္ထအကြိမ် ပူးတွဲဦးဆောင်ကော်မတီ အစည်းအဝေး (The 4th Meeting of the Joint Steering Committee (JSC) on Myanmar-India Cooperation in Power Sector) ကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အိန္ဒိယနိုင်ငံ Ministry of Power မှ Secretary (Power) ဖြစ်သူ H.E. Mr. Shri Alok Kumar တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အဖွင့်အမှာစကားများ ပြောကြားကြသည်။
Sep 17, 2022
သတင်းတွင် ဓာတ်ပုံသည် အရေးကြီးကြောင်း၊ သတင်းနှင့်ဓာတ်ပုံသည် တွဲဖက်လျက်ရှိသည့်အတွက် သတင်းတွင်ပါဝင်သည့်အချက်အလက်နှင့် ဓာတ်ပုံတွင်ပါဝင်သည့် အချက်အလက်သည် ထင်ဟပ်ပေါ်လွင်စေရန် သတင်းဓာတ်ပုံရိုက်ကူးသူ၏ အတွေးအခေါ်သည်အရေးကြီးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောကြားသည်။
Sep 17, 2022
ကလေးငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသောရတနာများဖြစ်၍ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထားပြုစုပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြောကြားသည်။
Sep 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၉ မြို့နယ်ရှိ စိုက်ပျိုးဧကပေါင်း ၈၃၈၇၄ ဧကတွင် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများကို သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13, 2022
ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် မကွေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ရန်ကုန်-ပြည်-မကွေး-မန္တလေးလမ်း (မကွေး-အောင်လံ) လမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
Sep 11, 2022
၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ hybrid စနစ်ဖြင့် ကျင်းပသည်။
Sep 10, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ပမှဝင်ရောက် လာသူများထံမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုးများ ဝင်ရောက်လာမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT ဖြင့် စနစ်တကျ အဆင်ပြေချောမွေ့စွာ ဆက်လက်စစ်ဆေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရောက်၍ ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Sep 10, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ နေပြည်တော်- တောင်ညို - မြို့သစ် - ကံပြား (မကွေး) လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ မိုင်တိုင် (၂၇/၀) ရှိ ရွှေပန်း - လမ်းစခန်းရှင်းလင်းဆောင်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး (မြို့ပြ) တို့က အသေးစိတ် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရာများသေသပ်ကောင်းမွန်ရေးနှင့် လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
Sep 05, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပန်းတနော်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ ထို့နောက် ကျိုက်လတ်မြို့နယ် ရုံးညနေပိုင်းတွင် ဖျာပုံခရိုင် ပြန်/ဆက်ရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးတို့အား တွေ့ဆုံကာ ပြန်/ဆက်ရုံးများကို ကြည့်ရှုစစ်ဆေးသည်။
Sep 05, 2022
ဝါးခယ်မမြို့နယ်အတွင်း၌ နယ်မြေဒေသ ခြောက်ခုခွဲ၍ ပဲတီစိမ်းစိုက်တောင်သူ ၇၆၆၆ ဦးက စိုက်ဧက ၂၃၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 04, 2022
လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပြောကြားသည်။
Sep 04, 2022
မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဌာနအလိုက် နေထိုင်သူ နိုင်ငံ့ဝန်ထမ်း အရာ ထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး၊ စုစုပေါင်းဝန်ထမ်း ၅၀၀ ကို နေရာချထားပေးပြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်း အမှတ်(၅၀၆)တွင်လည်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 04, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်အကူအညီအထောက်ပံ့များ ပေးအပ်လျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က သွားရောက်ခဲ့သည့်ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် တိုက်တွန်းပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် သခွပ်ချောင်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
