Dec 05, 2022
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ထုတ်လုပ်မှု ဖြစ်စေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
Dec 01, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီး ဌာနမှစောင့်ရှောက်ထားရှိသော ကလေးသူငယ် ၃၃ ဦးအား စောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Nov 28, 2022
တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရန် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက်ခြင်းနှင့်အတူ စိတ်ဝင်စားလုပ်ကိုင်လိုသည့် မွေးမြူရေးတောင်သူများ ကိုလည်း လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စောင့်ကြည့်လေ့လာကြရန်လို ကြောင်း နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုး မွေးမြူရေးဇုန်ရှိ မွေးမြူရေး တောင်သူများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Nov 28, 2022
စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းသည့် စွမ်းဆောင် မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ် ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ဂုဏ်ထူးဆောင် တံဆိပ်ရရှိသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Nov 27, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယနေ့)ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှိ လဟာပြင် ကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ကြည့်ရှုအားပေးသည်။
Nov 26, 2022
လူမှုဝန်ထမ်းဦးစီးဌာနက Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက် အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်း သင်တန်းပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်တွင် ဥတ္တရသီရိမြို့နယ် ဇဝန နေ့ကလေးထိန်းကျောင်းခန်းမ၌ ကျင်းပသည်။
Nov 23, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Nov 23, 2022
လူမှုဝန်ထမ်းဦးစီးဌာနက Quick Win Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးစီမံချက် အကောင်အထည်ဖော်ရေးတွင် အသက်မွေးဝမ်းကျောင်းသင်တန်း ပူးပေါင်းပါဝင်ဖွင့်လှစ်သော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဥတ္တရသီရိမြို့နယ်၊ ဇဝနနေ့က လေးထိန်းကျောင်းခန်းမ၌ ကျင်းပသည်။
Nov 21, 2022
ဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ရုံး၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။
Nov 20, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Nov 19, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 16, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနာကြီးရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
Nov 15, 2022
အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ သုံးခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online + Offline ဖြင့် ကျင်းပသည်။
Nov 15, 2022
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေသော ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းများသို့ရောက်ရှိပြီး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိနေသည်များကို ကြည့်ရှုစစ်ဆေးကာ အာမခံအလုပ်သမားများနှင့် တွေ့ဆုံအားပေးသည်။
Nov 14, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသည့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း (သရက်ချောင်းနှင့် ထားဝယ်)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2022
လူဖြစ်ပါက အသက်မွေးဝမ်းကျောင်းပညာကို တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဟုဆိုရာတွင် သမာအာဇီဝကျကျ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမအလုပ်သည် အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ဂုဏ်သိက္ခာအရမြင့်မားပြီး ဂုဏ်ယူဖွယ်ကောင်းသူများ ဖြစ်သည့်အတွက် မိမိတို့ တပည့်များ၏ဘဝကို ကောင်းမွန်သည့် အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။
Nov 14, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ အကြီးစားပြင်ဆင်မွမ်းမံ ဆောင်ရွက်နေသော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ဓာတ်လှေကားအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 14, 2022
မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးထားရှိပါကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Nov 11, 2022
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်း ခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
