နေပြည်တော် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဌာနအလိုက် နေထိုင်သူ နိုင်ငံ့ဝန်ထမ်း အရာ ထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး၊ စုစုပေါင်းဝန်ထမ်း ၅၀၀ ကို နေရာချထားပေးပြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်း အမှတ်(၅၀၆)တွင်လည်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းနှင့် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်းကွင်းအမှတ် (၅၀၆) တွင် ဆောင်ရွက်လျက် ရှိသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က စီမံကိန်းဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စီမံကိန်းဆောင်ရွက်နေမှုနှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းနှင့် Myanmar Developer Associa-tion ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက လုပ်ငန်းစီမံချက်တို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆောင်ရွက်ရန်ကျန် အဆောက်အဦ ၁၅ လုံးအား သတ်မှတ်ကာလ အတွင်း စီမံချက်အတိုင်းပြီးစီးရေးနှင့် ရေပေးဝေမှုစနစ် ဟန်ချက်ညီ ပြီးစီးရေးတို့ကို မှာကြားကာ ဆောက်လုပ်ပြီး တိုက်ခန်းနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး မန္တလေးနည်း ပညာတက္ကသိုလ် ပညာ့ရိပ်သာ အိမ်ရာကို လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်မှန်ရပ်ကွက် (၆၆)လမ်း၊ (၂၇)လမ်းနှင့် (၂၈)လမ်းကြားရှိ အဆောက်အဦ အထူးအဖွဲ့(၆)မှ တာဝန်ယူ ဆောက်လုပ်နေသည့် ခုတင်(၅၅၀)ဆံ့ ကလေးအထူးကု ဆေးရုံကြီးတွင် တိုးချဲ့လူနာ ဆောင် ရှစ်ထပ် ဆောက်လုပ်ခြင်း စီမံကိန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအား လုပ်ငန်းစီမံချက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-မန္တလေးလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် သန္တိသစ္စာကုမ္ပဏီ က B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေး - မိုးကုတ်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၂ မိုင် ၆ ဖာလုံမှ ၁၃ မိုင်အတွင်း ၂၄ ပေအကျယ် AC ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး B.O.T ကုမ္ပဏီများအနေဖြင့် လျာထားစီမံချက် လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်