Skip to main content

Jun 27, 2024

ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တွင် ရောက်ရှိလေ့လာနေကြသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ကျောင်းသား ကျောင်းသူအချင်းချင်း အပြန်အလှန် ရင်းနှီးချစ်ကြည်စွာ ဆက်သွယ်နိုင်ရေးအတွက် Address Book များကိုလည်းကောင်းပေးအပ်ကြရာ ယွန်းပညာကောလိပ် (ပုဂံ) နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 27, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 27, 2024

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီတွေက ဖျက်ဆီးခဲ့တယ်၊ လုယက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်းပြောကြားလိုပါတယ်။ အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့ အခြေအနေ အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော - ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာ ရှိပြီးတော့ အဲဒီနေရာမှာ အရင်တုန်းကတော့ UNHCR, WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့ အစည်းတွေရဲ့ ရုံးတွေ၊ ဂိုဒေါင်တွေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်းမှာ မေလကတည်းက အဲ့ဒီနေရာမှာ ရုံးထိုင်တဲ့ လူတွေမရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီအစောင့်တွေ လောက်သာထားခဲ့နိုင်ပြီးတော့ ပြန်သွားတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ ပတ်သက်ပြီးလည်း ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 26, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Hanboom (Myanmar) Garment Co., Ltd. နှင့် New Forest Co., Ltd. အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 26, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနအတွင်းရေးမှူးတို့၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလုပ်ငန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် (၃၆)ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးနှင့် ပထမအကြိမ် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသအတွက် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ရန် ယမန်နေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 25, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ကျင်းပသည့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် လေအေးပေးစက်ပြုပြင်တပ်ဆင် ခြင်းသင်တန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 25, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၂ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး၊ အရာထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် သံမဏိချောင်းများ အရည်အသွေးပြည့်မီပြီး သတ်မှတ်လျာထားချက်များ အတိုင်း စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 24, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် ၂၁ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် တမံမှ ရေပေးဝေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းခမ်းရေလှောင်တမံစီမံကိန်းမှ ရေလွှဲပေးပို့ကာ ဇော်ဂျီရေလှောင်တမံမှတစ်ဆင့် မြို့ကြီးရေလှောင်တမံသို့ ရေဖြည့်တင်းပေးခြင်းအားဖြင့် ရေသိုလှောင်မှု ပိုမိုရရှိလာသည့်ရေများကို မိတ္ထီလာလွင်ပြင် ရေပိုမိုရရှိရေးအတွက် စီမံဆောင်ရွက်ရန်နှင့် လိုအပ်သော တိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်မှုကို အချိန်မီတင်ပြနိုင်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 21, 2024

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်နှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 21, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 21, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ၌ ဖွင့်လှစ်ခဲ့သော တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 21, 2024

မွေးမြူရေး အစာကုန်ကြမ်းများမှ အသားဓာတ်အရင်းအမြစ်အဖြစ် သုံးစွဲသည့် ပဲပုပ်ဖတ်များ ပြည်ပမှတင်သွင်းမှုကို နှစ်အလိုက် လျှော့ချသွားနိုင်ရန်နှင့် ပြည်တွင်း၌ ထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ် ဖတ်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် မွေးမြူရေးအစာ ပဲပုပ်ဆီကြိတ်ဖတ် လိုအပ်ချက်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းဆီစက်လုပ်ငန်းရှင်များ၊ မွေးမြူရေး အစာစပ်စက်ရုံများ၊ မွေးမြူရေး အစာကုန်ကြမ်း တင်သွင်းမည့်သူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 20, 2024

ရှမ်းပြည်နယ်၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးဖော်ထုတ်နိုင်ရန်နှင့်ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကကဏ္ဍများအလိုက် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 19, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် -၃) ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ဝန်ထမ်းများ တာဝန်ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 19, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ် ရေချိုကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၄ ရွာမှ ဝါစိုက် တောင်သူများ၊ အောင်မြေသာယာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး မိုးဝါအတွက်လိုအပ်သောမျိုးများ၊ သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလိုအပ်သည့်နေရာများတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 19, 2024

စိုက်ပျိုး၊ မွေးမြူရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်၌ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နမ့်စန်မြို့နယ် တောင်သူဦးဝင်းဇော်၏ မက္ကာဒေးမီးယား ကုန်ချောထုတ်စက်ရုံ၌ ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်ဆောင်ရွက်နေမှု၊ အချိုးကျငါးအစာဖော်စပ်ခြင်းနှင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အကြံပြုဆွေးနွေးပြော ကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 18, 2024

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် အရာထမ်းများ၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 18, 2024

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တွင် ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၅)ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ အရာထမ်းတစ်ဦး တက်ရောက်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 18, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာ၊ ဝမ်ပုံကျေးရွာအနီးတွင် တည်ရှိသည့် ဝမ်ပုံရေလှောင်တမံ၏ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် စိုက်ပျိုးမြေ ၁၁၆ ဧက စိုက်ပျိုးရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jun 18, 2024

စနေနေ့တိုင်း ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇွန် ၁၅ နံနက်ပိုင်းက (၃၈) ကြိမ်မြောက်အဖြစ် နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်