May 29, 2024
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒေသဆိုင်ရာအေဂျင်စီဥက္ကဋ္ဌများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 29, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 22, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့်အခြားသီးနှံများ မိုးကြိုရာသီတွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးကြသည်။
May 22, 2024
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပသည်။
May 20, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် နှင့်အတူ ဟိုပုံးမြို့နယ်လွယ်အွန့်ကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အစုအဖွဲ့ဖြင့်ဆောင်ရွက်သောလုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးရေး၊ ဒေသ၏အသားငါးဖူလုံရေးတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
May 19, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ငွေလှမြိုင်ဝါစက်ရုံကို သွားရောက်လေ့လာကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
May 19, 2024
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
May 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
May 19, 2024
(၄၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဒဂုံမြို့နယ် ပြည်လမ်း အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။
May 17, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 17, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးသည်။
May 17, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူ သော ဦးတည်ချက်ဖြင့် ကျင်းပသည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care အစည်းအဝေးသို့ တက်ရောက်သည်။
May 17, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထန်းတောနှင့် ကြံပင်ကျေးရွာသို့သွားရောက်ပြီး အသင်းသားတောင်သူ ၆၁ ဦး၏ လယ်မြေ ၂၀၂ ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေးနှင့် လိုအပ်သော စိုက်ပျိုးရေရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။
May 16, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 15, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ထန်းတပင်နှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက်သင်တန်းတက်ရောက်နေသည့် မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည်။
May 13, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံဇုန် (၁+၂) တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
May 13, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီရုံးသို့ သွားရောက်၍ မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက တာချီလိတ်မြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက မီးလင်းရေးနှင့်ပတ်သက်၍ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်၊ ငွေကောက်ကောင်တာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
May 13, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
May 13, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိစစ်ဆေးသည်။
