နေပြည်တော် ဇူလိုင် ၁၄
နေပြည်တော် နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
မိုးရာသီအားကစားပြိုင်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြရာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စက်မှုအင်ဂျင်နီယာဘာသာရပ်အသင်းနှင့် အင်ဂျင်နီယာဘာသာရပ် ပေါင်းစုံညွန့်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အင်ဂျင်နီယာဘာသာရပ်ပေါင်းစုံ ညွန့်ပေါင်းအသင်းက ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော်နည်းပညာတက္ကသိုလ်မှ ကျောင်းသူလေးများက ပန်းဖွားအကနှင့် Sports Dance တို့ဖြင့် အဖွဲ့လိုက် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများက e-Sports ပြိုင်ပွဲဆုရအသင်းများ၊ ဒိုင်အဖွဲ့နှင့် အကအဖွဲ့များ၊ ဖူဆယ်ပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆုများ၊ နှစ်သိမ့်ဆုရအသင်း၊ ဒုတိယဆုရအသင်းနှင့် ဒုတိယဝန်ကြီးက ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းအား ဆုတံဆိပ်လည်ဆွဲ၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး ပြည်သူများကို အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော အင်ဂျင်နီယာ ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်