Aug 17, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်္ဂလိပ်စာနှင့် AI နည်းပညာရပ်များကို နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ်အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်းအားပေး စကားပြောကြားပြီး အဆောင်နေကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 17, 2024
(၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး (Forty-Sixth Meeting of the High-level Task Force on ASEAN Economic Integration-46th HLTF-EI) ကို ဩဂုတ် ၁၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 17, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ ဒုတိယနေ့အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 15, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပဲခူးဌာနခွဲတာဝန်ခံတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ခရစ်နှစ် ၁၅၁၀ တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီမြို့ဟောင်း စင်တံခါးအနီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ်ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့် မြို့ရိုးနေရာကို ကြည့်ရှုစစ်ဆေးပြီး မြို့ရိုး၏အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 15, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန်အတွက် မျိုးရင်းမျိုးစစ်များထိန်းသိမ်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မွေးမြူရေးသုတေသနစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 15, 2024
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ သြဂုတ် ၇ ရက်က စတင်ကျင်းပခဲ့သည့် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံး(ကျား) ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 15, 2024
အများပိုင်ကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူစုစည်းနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် မူလရှိပြီး စာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာစတော့အိတ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက် (Pre - listing Board-PLB) ကို တည်ထောင်ထားရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 14, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းဘုရားများရှိ ချုံနွယ်ပိတ်ပေါင်းများကို ဧရိယာ ၁၁ ပိုင်း ပိုင်းခြား၍ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 13, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးပြီး စက်ရုံစားရိပ်သာ၌ ကျင်းပသည့် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 13, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 09, 2024
၂၀၂၄ ခုနှစ်အတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 09, 2024
စပါး-ငါးပေါင်းစပ်မွေးမြူခြင်းမှရရှိသည့် ဂေဟဗေဒဝန်ဆောင်မှု တန်ဖိုးအပေါ်လေ့လာမှုအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 09, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သြဂုတ် ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေထိန်းတံခါးကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေတံခါး၏ ရေထွက်လမ်းကြောင်းတစ်လျှောက် တိုင်းတာစစ်ဆေးရန်၊ ရေတံခါးတွင် နုန်းမတင်စေရန်အတွက် ရေတံခါးဖွင့်-ပိတ်ဇယား ရေးဆွဲဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိမိတို့ဌာနမှ ထိန်းသိမ်းထားသည့် ဒဂုံမြို့သစ် မြို့နယ်များရှိ ရေတံခါးများ ရေထွက်ပေါက်များ၏ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်း တူးမြောင်းရှိ ရေလွှဲပေါက်များမှ ရေထုတ်မှုနှင့် ပဲခူး-စစ်တောင်း တူးမြောင်း၏ အဓိကရေလွှဲပေါက်ဖြစ်သော တာမိုင် (၆/၂) ရှိ ပုဂံညောင်ပင် ရေလွှဲပေါက် ရေလွှဲထုတ်မှုတို့ကို သြဂုတ် ၅ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
သြဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ရုံး၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ဗုဒ္ဓဟူးနေ့များ၌ ကျင်းပလျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် (၃၆) ကြိမ်မြောက်ကျင်းပရာ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ အစေ့ထုတ်ပြောင်းသီးနှံကျွမ်းကျင်သူများက “အစေ့ထုတ်ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Aug 08, 2024
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုရန် ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ဆက်လက်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
