မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။


Mar 24, 2025
ရေစကြိုဆရာတော်တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ သက်တော်(၇၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်(၁)၌ ကျင်းပသည်။

Mar 24, 2025
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော်နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။

Mar 24, 2025
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့်အကြိမ်(၆၀) မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏မြက်ခင်းပြင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

Mar 24, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည် - ရွှေညောင်ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက်ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/အထွက်နေရာများ၊ အဆိုပါရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်း ရထားလမ်းတာပေါင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

Mar 24, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ ပျဉ်းမနား-နေပြည်တော်(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းပြောင်းရွှေ့ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Mar 24, 2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။

Mar 24, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည် စက်ရုံ၌ ကျွန်း၊ မန်ဂျန်ရှားနှင့် ရော်ဘာသစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Mar 24, 2025
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၆)ရပ်ကွက် (၂၉)လမ်းနှင့်(၃၀)လမ်းကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်၌ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်းအမျိုးသမီး ခုနစ်ဦးတို့နှင့်အတူရှိနေစဉ် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် အမျိုးသားလေးဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့ လေးဦးအနက် တစ်ဦးကသေနတ်အတို တစ်လက်အားကိုင်ဆောင်ကာ သေနတ်ပြခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရပန်းဘဲတန်း မြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
နောက်ဆုံးရသတင်းများ

Mar 24, 2025Latest News
မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွ

Mar 24, 2025Latest News
ရေစကြိုဆရာတော်တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ သက်တော်(၇၀)ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီ

Mar 24, 2025Latest News
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော်နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း(၁)အောင်ပွဲ ရေစက်သွန်းလေ

Mar 24, 2025Latest News
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်အားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၈)ကြိမ်၊ (၅၉)ကြိမ်နှင့်အကြိမ်(၆၀) မြောက်ဘွဲ့နှင်းသဘင်ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်၏မြက်ခင်းပြင်၌ က

Mar 24, 2025Latest News
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ သာစည် - ရွှေညောင်ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှ
ဆောင်းပါးကဏ္ဍ
- Mar 24, 2025နိုင်ငံတကာစိုက်ပျိုးရေးပညာ သင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနအသစ်များ (New Departments)၊ အထူးပြုဘာသာရပ်အသစ်များ (New Majors/ Specializations/ Subjects) (အဆက်)
- Mar 23, 2025ဒေသတွင်းပေါင်းစည်းမှု (Regional Integration) များသည် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍတွင် ဦးစားပေးမူဝါဒတစ်ရပ်အဖြစ် ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား ပေါင်းစည်းခြင်းဖြင့် ဒေသတွင်းပေါင်းစည်း မှုအနေဖြင့်သာမက နိုင်ငံတကာအသိုက်အဝန်းတွင်ပါ ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်ကောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပေါင်းစည်းမှုမဟာဗျူဟာ (Competitive Integration Strategy) ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
- Mar 21, 2025မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများစီစဉ်သည့် MMAG တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် မတ်လမှစ၍ လစဉ်မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများ ကျင်းပတော့မည်ဟု သိရသည်။
- Mar 21, 2025ရုရှား၊ အိန္ဒိယ၊ တရုတ်၊ အီတလီ၊ ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ ထိပ်တန်းပညာရှင်များနှင့် သုတေသီများက ၂၀၂၅ အလွန်ကာလအား ရည်မျှော်ပြီး မြန်မာနိုင်ငံကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေ့ဆက်သွားရမည့် လမ်းပြမြေပုံအား ဦးနှောက်မုန်တိုင်းဆင်ကာ ဆွေးနွေးကြမည်ဖြစ်သည်။ နိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ အတတ်ပညာရှင်များ၊ သံတမန်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ထင်ရှားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြမည့် နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ခမ်းခမ်းနားနားကျင်းပလျက်ရှိပါသည်။
- Mar 21, 2025မော်ကွန်းတိုက် စတင်တည်ထောင်တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့သမိုင်းဆိုင်ရာမှတ်တမ်းများ၊ အမျိုးသားရေးမော်ကွန်းဝင်မှတ်တမ်းများ၊ မြန်မာနိုင်ငံအစိုးရယန္တရားတစ်ခုလုံးနှင့် သက်ဆိုင်သည့် သမိုင်းဝင်မှတ်တမ်းများ ထာဝရမပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် ၁၉၇၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီကြေညာချက်အမှတ် ၉၇ အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်အား စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကတည်းက အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသည် မှတ်တမ်းနှင့် မော်ကွန်းများကို စနစ်တကျထိန်းသိမ်းရာဌာန တစ်ခုဖြစ်ပါသည်။
- ဘေးကင်း၍ အာဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့ စိုက်ပျိုးရေးနှင့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းစို့Mar 19, 2025စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။