မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအနေဖြင့် ဆုံးဖြတ်ချက် ၄၈ ခုကို ချမှတ်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် ၄၄ ခုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်လေးခုကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်ရွေးချယ်ရေး အစည်းအဝေးမှ သိရသည်။
Aug 05, 2026
ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးအဖြစ် မြို့နယ်နှစ်မြို့နယ် သမဝါယမအသင်း သုံးသင်း၊ အသင်းသား ၁၁၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၃၁၃ ဒသမ ၅ ဧကအား Pilot Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ အုပ်စု ရတနာတိုးမျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက် အသင်းသားတောင်သူ ၅၃ ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၆၉၉)ရှိ တစ်ဆက်တစ်စပ်တည်း လယ်ဧက ၁၀၀ ဒသမ ၅ ဧကတွင် အောင်နိုင်သစ္စာကုမ္ပဏီနှင့် ပူးပေါင်း၍ မိုးစပါးများကို ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Aug 05, 2026
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၅၇ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိသည်။
Aug 05, 2026
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့အုပ်စုပတ်လည်ပွဲစဉ်တွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၁၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
Aug 05, 2026
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က ကြီးမှူးကျင်းပသည့် ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် လာအိုအမျိုးသားလက်ရွေးစင်အသင်းတို့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသားလက်ရွေးစင်အသင်းက ခုနစ်ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
Aug 05, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနှင့် ဘယ်လာရုစ်နိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား နှစ်ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Aug 05, 2026
တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၉၄ ဦးဖြင့် ယနေ့အထိ အတွင်းလူနာ ၆၀၊ ပြင်ပလူနာ ၄၄၆ ဦး၊ အသေးစားခွဲစိတ်ကုသလူနာ ၂၈ ဦး၊ အကြီးစား ခွဲစိတ်လူနာလေးဦးနှင့် မီးဖွားလူနာနှစ်ဦးတို့အား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
Aug 05, 2026
မြန်မာ - အိန္ဒိယနိုင်ငံတို့အကြား ဆေးဝါးစံချိန်စံညွှန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် Indian Pharmacopoeia Comm- ission (IPC) တို့အကြား အစည်းအဝေး ကျင်းပခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
Aug 05, 2026
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေတိုးတက်စေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားလုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှုကောင်းမွန်စေရေး၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ကျင်းပရန် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ (ပထမအကြိမ်) အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြောကြားသည်။
နောက်ဆုံးရသတင်းများ
Aug 05, 2026Latest News
မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအနေဖြင့် ဆုံးဖြတ်ချက် ၄၈ ခုကို ချမှတ်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များအနက် ၄၄ ခုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး(၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်လေးခုကို ဆောင်ရွက်နေ
Aug 05, 2026Latest News
ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးအဖြစ် မြို့နယ်နှစ်မြို့နယ် သမဝါယမအသင်း သုံးသင်း၊ အသင်းသား ၁၁၂ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၃၁၃ ဒသမ ၅ ဧကအား Pilot Project အနေဖြင့် အ
Aug 05, 2026Latest News
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ မြို့တွင်
Aug 05, 2026Latest News
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌
Aug 05, 2026Latest News
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)က ကြီးမှူးကျင်းပသည့် ASEAN Championship Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အဖြစ် မြန်မာအမျိုးသား လက်ရွေးစင်အသင်းနှင့် လာအိုအမျိုးသားလက်ရွေးစင်အသင်းတို့သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ
ဆောင်းပါးကဏ္ဍ
Aug 05, 2026ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုးတက်မှုမြှင့်တင်ရေးဥပဒေ”ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ဤဥပဒေသည် အဓိကကျသောအောင်မြင်မှုကြီး သုံးရပ်ကို “ပထမဆုံးအကြိမ်” ဖော်ဆောင်နိုင်ခဲ့ပါသည်။
Aug 04, 2026၂၁ ရာစု အသိပညာအခြေပြုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် စာဖတ်ခြင်းအလေ့အထသည် လူတစ်ဦးချင်းစီ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဝေဖန် ဆန်းစစ်နိုင်စွမ်း၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျသော အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါသည်။
Aug 04, 2026မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများသည် လူမှုအသိုင်းအဝိုင်းအတွင်း အများဆုံးဖြစ်ပွားလေ့ရှိသည့် ပြဿနာများဖြစ်ပြီး ယင်းအငြင်းပွားမှုများကို ဥပဒေအရ မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းမရှိပါက တရားမမှုများ ကြန့်ကြာခြင်း၊ ကုန်ကျစရိတ် များပြားခြင်း၊ နစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
Aug 03, 2026ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ (Australian Agricultural Research and Education) ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Aug 03, 2026အငြိမ်းစားမိဘပြည်သူများက နိုင်ငံ့ဝန်ထမ်းဘဝတစ်လျှောက် နိုင်ငံ့ဝန်ထမ်းတာဝန်များကို နှစ်ပြည့်/သက်ပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် ရရှိလာသည့်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူလေ့ရှိရာ မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၁-၁၀-၁၉၇၂ ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ရပြီး ကာကွယ်ရေးပင်စင်၊ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပင်စင်ဟူသည့် ပင်စင်အမျိုးအစား (၅) မျိုးဖြင့် ထုတ်ပေးလျက်ရှိပါသည်။
Aug 03, 2026“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည့် ဆိုရိုးစကားသည် ခေတ်အဆက်ဆက် မှန်ကန်နေသည့် အမှန်တရားတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံးသော အင်အားစုမှာ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်ပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ပြည့်စုံသော လူ့အဖွဲ့အစည်းသည်သာ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်စေနိုင်ပါသည်။
