Skip to main content

လှိုင်းဘွဲ့မြို့နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိကျောင်းတိုက်များ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များက တိုင်းစစ်ဌာနချုပ်များ၊ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀၀ အကွာရှိ တပ်မတော် စခန်းတစ်ခုကို KIA အဖွဲ့က အကြောင်းမဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀၀( ၁၅ မိုင်) အကွာရှိ တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော နန်ဗျူစခန်း ကို ယနေ့ နံနက်ပိုင်း တွင် KIA အဖွဲ့က အကြောင်းမဲ့လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ သည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက် လူစုလူဝေးများကို ဖြိုခွဲထိန်းသိမ်း

လယ်ဝေးမြို့၊ ပေါက်မြိုင်ကျေးရွာလမ်းဆုံ၌ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၂၀ ခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက် သူလူအုပ်စုအတွင်းမှ ဆိုင်ကယ်တစ်စီးနှင့် ခွပ်ဒေါင်းအလံ ၂ ခု သိမ်းဆည်းရမိခဲ့သည်။

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦနှင့် တံတားများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦနှင့် တံတားများကို မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များကို နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများ ယုံကြည်ကာ အမျှော်အမြင် အဆင်အခြင်မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

မြို့နယ်အချို့၌ နိုင်ငံတော်ဆန့်ကျင်ရေး စာသားပါ ရုပ်ပုံကားချပ်များ၊ ဗီနိုင်းစများ ကိုင်ဆောင် လှည့်လည် ဆူပူဆန္ဒပြသူများကို ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း၌ လှည့်ကင်းဆောင်ရွက်စဉ် ကန်ရှေ့ရပ်ကွက် အရှေ့မြို့ပတ်လမ်း “ရွှေကမ္ဘာ”ကားဂိတ်ရှေ့၌ 4F/7618 Mistubishi ယာဉ်သည် အမြင့် ၉ ပေခွဲခန့်ရှိ ကော်ပိုက်အဖြူရောင်ထိပ်တွင် လက်သုံးချောင်းပုံပါ အနီရောင်အလံကို ကားပေါ်တွင် ထောင်၍ မော်တော်ယာဉ် ၆ စီး၊ ဆိုင်ကယ် ၅ စီးတို့ဖြင့် လှည့်လည် ဆန္ဒပြနေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ရာ 4F/7618 Mistubishi ယာဉ်နှင့်အတူ ယာဉ်မောင်း ကန်ရှေ့ရပ်ကွက်နေ ဖြိုးဝေစိုး(ခ)Sachin Phatia(၂၁)နှစ် (ဘ)ဦးSK ပါ ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့် ဒုတိယမြို့တော်ဝန်တို့ နေပြည်တော် အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်၍ လှူဒါန်းပူဇော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများသို့ ယနေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်(၆)နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နှင့်တာဝန်ရှိသူများက သွားရောက်၍ ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကါးနှင့် ရွှေသင်္ကန်းများကို လှူဒါန်းပူဇော်ကြသည်။

ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်သူများအား ဖမ်းဆီးရမိ

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အေပြီ ၁၃ ရက် တွင် ညောင်ရွှေမြို့နယ်၊ ညောင်ဖြူကျေးရွာရှိ ဇော်ဝင်းလေး(ခ)ဝေဠု(ဘ)ဦးဝင်းမောင် ၏ နေအိမ်၌ တူမီးသေနတ် ၁ လက်၊ မီးပုလင်း ၂၆ လုံးအခြားဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ဓနုဖြူမြို့၊ မြို့ဝင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့က ရန်ကုန်မြို့မှ ကြံခင်းမြို့သို့ ဇော်မျိုးထက်(ဘ)ဦးလှတင် မောင်းနှင်၍ စိုးမင်းဟန် (ဘ)ဦးချစ်လှ လိုက်ပါလာသည့် ရွှေတော်ဝင်မှန်လုံခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်ရှိ စက္ကူပုံအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ လက်လုပ်ဗုံး ၁ လုံးနှင် ဆက်စပ်ပစ္စည်းများအားလည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက် လူစုလူဝေးများအား ဖြိုခွဲထိန်းသိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စပ်စံထွန်းလမ်း၊ အမှတ်(၂)ဈေးထိပ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀ ဦးခန့်မှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရာ နံနက် ၁၀ နာရီအချိန် တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ နေသူရိန် (ခ)စီးဖိန် (၂၂)နှစ် (ဘ)ဦးစိုးနိုင်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။
Subscribe to နေပြည်တော်