Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များနှင့် ဒုတိယမြို့တော်ဝန်တို့ နေပြည်တော် အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်၍ လှူဒါန်းပူဇော်

 

နေပြည်တော်  ဧပြီ ၁၅

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများသို့ ယနေ့ (မဟာသင်္ကြန်အကြတ်နေ့) နံနက်(၆)နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နှင့်တာဝန်ရှိသူများက သွားရောက်၍ ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကါးနှင့် ရွှေသင်္ကန်းများကို လှူဒါန်းပူဇော်ကြသည်။

          ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် နှင့် လက်လုပ်တောင်စေတီ၊ ဥတ္တရသီရိမြို့နယ်ရှိ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ ဇေယျာ သီရိမြို့နယ်ရှိ လှေခွင်းတောင်ဘုရား တို့ကိုသွားရောက်၍ ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကါးနှင့် ရွှေသင်္ကန်းများကို လှူဒါန်းပူဇော်ကြသည်။

          နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က ပျဉ်းမနားမြို့နယ်ရှိ ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ နှင့် လောကရန်နှိမ်စေတီ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ရွှေလက်လှဘုရား တိုတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က တပ်ကုန်းမြို့နယ်ရှိ မိုဃ်းကောင်းစေတီနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ သတ္တသတ္တာ ဟသံဝေဇနိယလေးဌာနစေတီတို့တွင် လည်းကောင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး က ဇမ္ဗူသီရိမြို့နယ်ရှိ ဓါတုဇယဓာတ်ပေါင်းစုစေတီ နှင့် လယ်ဝေးမြို့ နယ်ရှိ ဖောင်တော် ချက်မစေတီတို့တွင် လည်းကောင်း အသီးသီးသွားရောက်၍ ဆွမ်း၊ ရေချမ်း၊ တံခွန်ကုက္ကါးနှင့် ရွှေသင်္ကန်းများကို လှူဒါန်းပူဇော်ခဲ့ကြကြောင်းသိရသည်။

 (ဒက္ခိဏခရိုင်ပြန်/ဆက်)