Skip to main content

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀၀ အကွာရှိ တပ်မတော် စခန်းတစ်ခုကို KIA အဖွဲ့က အကြောင်းမဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်

နေပြည်တော် ဧပြီ  ၁၅

          ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀၀( ၁၅ မိုင်) အကွာရှိ တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော နန်ဗျူစခန်း ကို ယနေ့ နံနက်ပိုင်း တွင် KIA အဖွဲ့က အကြောင်းမဲ့လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ သည်။

          ဖြစ်စဉ်မှာ နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်က လိုအပ်သည့် လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိသော နန်ဗျူစခန်း ကို ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့မှ အင်အား ၁၀၀ ခန့်သည် စခန်း၏ အနောက်တောင်ဘက် မီတာ ၄၀၀ ခန့် အကွာမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်နှောင့်ယှက်ပစ်ခတ် တိုက် ခိုက်ကြောင်း၊ ထိုသို့ ပစ်ခတ်လာခြင်းကြောင့် တပ်မတော်မှ လိုအပ်သည့် လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူ၊ စစ်ကူများဖြင့် အချိန်မီပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။

          KIA အဖွဲ့မှ အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း နယ်မြေဒေသလုံခြုံရေးကို ဆောင်ရွက်ပေးလျက်ရှိ သော တပ်ဖွဲ့ဝင်များအပေါ် ယခုကဲ့သို့ နှောင့်ယှက်ပစ်ခတ်လာသဖြင့် တပ်မတော် စစ်ကြောင်း များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို  ဆက်လက်ဆောင် ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)