Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းစာအုပ် ထုတ်ဝေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေဖြန့်ချိသည်။

လမ်းများပိတ်ဆို့ထားခြင်းနှင့် အစိုးရဆန့်ကျင်စာသားများ ဆက်လက်ရှင်းလင်းဆောင်ရွက်

ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလိုသူများက အများ ပြည်သူသွား လမ်းများပေါ်တွင် လမ်းပိတ် အတားအဆီးများ ပြုလုပ်ထားခြင်းအား ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စည်ပင်သာယာ ဝန်ထမ်းများက ယန္တရားများ၊ မြေသယ် ယာဉ်များ အသုံးပြုကာ ဖယ်ရှား ရှင်းလင်းခြင်းနှင့် အစိုးရ ဆန့်ကျင် စာသားများကိုဆေးဖြင့် ရေးဆွဲ ထားခြင်း၊ နံရံများ၊ တံတိုင်းများ တွင် ကပ်ထားခြင်းအား စည်ပင် သာယာဝန်ထမ်းများက ဖျက်သိမ်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညို လျက်ရှိ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြေးဆွဲ

ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ( ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်မိဘပြည်သူများက ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြသည်။

ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်

တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ နိုင်ငံတော်ပိုင်အဆောက်အဦ၊ စာသင်ကျောင်းများအား မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းကဲ့သို့သော လုပ်ရပ်များအား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများ၏ သွေးထိုးမှုများအားယုံကြည်ကာ အမျှော်အမြင် အဆင်အခြင် မဲ့စွာဖြင့် ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၁၄-၄-၂၀၂၁)

နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံ အားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ ဆရာဝန် များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်သူများမှ ခြိမ်းခြောက် အနိုင်ကျင့် အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရေးနှင့် အများ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရေးတို့အတွက် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်လျက်ရှိရာ တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆောက်အဦများအား မီးပုလင်း၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်မီးရှို့ ​ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အလုပ်ဝတ္တရားများ ဆောင်ရွက်၍မရစေရန် လူအုပ်စုဖွဲ့၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးချုပ်နှောင်၍ လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကျူးလွန်မှုများ ဆောင်ရွက်သည့်အပြင် အချို့နေရာများ၌ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် များအတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ် သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၁၃ ရက်နှင့် ယနေတို့တွင် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ် ရေးမှူး များနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ရန်ကုန်မြို့ရှိ ဝန်ထမ်းများ တွေ့ဆုံ၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ အားကစားကွင်းရုံများကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစား နှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်အတူ ဧပြီ ၁၂ ရက် နံနက်(၁၁)နာရီတွင် အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) သင်တန်းသားစားသောက် ဆောင်၌ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း များကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြား သည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၅၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၆၅၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
Subscribe to နေပြည်တော်