Skip to main content

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၃၈၂၇၁၄၄၇ ဦး အမှန်ဖြစ်ကြောင်း သိရှိရ

နေပြည်တော်  ဒီဇင်ဘာ  ၂

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အများပြည်သူတို့ သိရှိနိုင်စေရန်အတွက် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးလျက်ရှိရာ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ မဲဆန္ဒရှင် စုစုပေါင်း ၃၇၂၆၈၈၇၆ ဦးဖြစ်ကြောင်း ထိုအချိန်က ရရှိသည့် သတင်းအပေါ် မူတည်၍ ဖော်ပြခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းမှာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ်ကပ်ထား ကြေညာသည့် မဲဆန္ဒရှင်စာရင်း စုစုပေါင်းမှ ရွေးကောက်ပွဲကျင်းပခြင်း မပြုမည့် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုရသေးသော အခြေခံမဲဆန္ဒရှင်စာရင်းသာ ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာပြီးနောက် မဲဆန္ဒရှင်များ၏ တင်ပြလျှောက်ထားချက်များအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအသီးသီးက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြင်ဆင်၊ ဖြည့်စွက်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းအမှန်မှာ ၃၈၂၇၁၄၄၇ ဦးဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်