Skip to main content

ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

 

နေပြည်တော်  ဒီဇင်ဘာ ၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလအတွင်းစီးပွားရေး လုပ်ငန်းများ  ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပြည်သူကို ပညာပေးမျှဝေပေးမည့်  “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ ၂၅ ရက်မှ စ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျှက်ရှိသည်။

ဒီဇင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့ ညနေတွင် မြန်မာနိုင်ငံ၏ Digital အသွင်ပြောင်းမှုမှာ အဓိက အရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်  အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲရင့်ဝင်းနှင့် Myanmar Payment Union (MPU) အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ် တို့၏  ဆွေးနွေးချက်များကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်