Skip to main content

မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ ညွှန်ကြားရေး မှူးများ၊ မြန်မာ GAP ရေးဆွဲရေး ကော်မတီဝင်များ၊ နယ်ပယ် အသီးသီးမှ မှိုပညာရှင်များ၊ မြန်မာနိုင်ငံမှိုမွေးမြူ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မှိုစိုက်တောင်သူများ၊ စိတ်ပါဝင်စားသူအစုအဖွဲ့များက Zoom Application အသုံးပြု၍ တက်ရောက်ခဲ့ကြ သည်။

ဆွေးနွေးပွဲတွင် မြန်မာမှိုသီးနှံ GAP Guideline အတည်ပြုရန်၊ ပြည်တွင်းမှိုမျိုး ထုတ်လုပ်မှုနှင့်ပတ်သက်၍ မှိုမျိုးထုတ်လုပ်မှု လိုင်စင်များ၊ ပြည်ပမှိုမျိုးတင်သွင်းမှုနှင့် ပတ်သက်၍ မှိုမျိုးတင်သွင်းခွင့်လိုင်စင်များ ပြုလုပ်ရေးတို့ကို မျိုးစေ့ဥပဒေနှင့်အညီ စည်းကြပ်ရန်၊ မှိုထွက်ကုန်များနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဆောင်ရွက် ရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးမှိုများသည် စားသုံးရာတွင် သဘာဝမှိုများ နှင့် နှိုင်းယှဉ်ပါက အဆိပ်အတောက်ဖြစ်စေမှု ရာခိုင်နှုန်း နည်းပါးပြီး အချိန်တို အတွင်း၊ နေရာကျဉ်းကျဉ်းတွင် စရိတ်သက်သာစွာဖြင့် ပုံမှန်ဝင်ငွေရရှိစေနိုင်သော တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဖြစ်သောကြောင့် မှိုစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းအပေါ် စိတ်ဝင်စားမှုတိုးတက်များပြား လာလျက်ရှိနေကြောင်း၊ မှိုတစ်နိုင်တစ်ပိုင် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ စိုက်ပျိုးမှို စားသုံးမှု အလေ့အထများ တိုးပွားလာခြင်း၊ စားသောက် ဆိုင်များနှင့် ဟိုတယ်များတွင် မှိုပါဝင်သည့် ဟင်းလျာများ စားသုံးမှု တစ်နေ့တခြား များပြားလာခြင်းတို့ကြောင့် စိုက်ပျိုးမှိုများနှင့်ပတ်သက်၍ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင် ရေးနှင့် မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ကဏ္ဍအသီးသီးတွင် ထိခိုက်မှု လျော့နည်း စေရေးအတွက် ရည်ရွယ်၍ မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မှိုစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြ ရာ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေးမြို့နယ်များတွင် မှိုစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ကြောင်း၊ ကွမ်းခြံကုန်း၊ ကော့မှူး မြို့နယ် များ၌ မှိုမျိုးထုတ်လုပ်မှုလုပ်ငန်း အဓိကလုပ်ဆောင်နေသူ တောင်သူအစုအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မှိုတောင်သူ အစုအဖွဲ့ ဖွဲ့စည်းရန် ကျန်ရှိ သေးသော မကွေး၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ချင်း၊ ရခိုင် စသော တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း မှိုတောင်သူ အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ မှိုတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန် အတွက် စိုက်ပျိုးရေးဦးစီးဌာနက မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မှိုကိုအခြေခံ သော တန်ဖိုးမြှင့် ထုတ်ကုန်များ (Mushroom Canning၊ Mushroom Powder၊ Mushroom Snacks၊ Mushroom Candy၊ Dried Mushroom ) ထုတ်လုပ်သည့် နည်းပညာများ ရရှိရေး၊ ပြန်လည် ဖြန့်ဖြူးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်