နေပြည်တော် ဒီဇင်ဘာ ၁၈
အမျိုးသားအပင်မျိုးသစ် အကာ အကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ ၏ ဒုတိယအကြိမ် အစည်းအဝေး ကို ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း က အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် ဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကျော် မင်းဦး တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
အစည်းအဝေးတွင် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ကော်မတီ၏ ရှေ့ဆက် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်း တာဝန်များနှင့် လျှောက်ထားသည့် အပင်မျိုးသစ်များအနက် နည်းပညာ ကော်မတီမှ စစ်ဆေးထားသည့် အပင် မျိုးသစ်အချို့ကို အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးအတွက် အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေး၌ ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက ပထမ အကြိမ်အစည်းအဝေး၏ ဆုံးဖြတ် ချက်များအပေါ် အကောင်အထည် ဖော်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ပပဝင်းက မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည့် မျိုးစေ့လုပ်ငန်း လိုင်စင် မော်ဒယ်အသစ်နှင့် ပတ်သက်၍ လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြ သည်။
အပင်မျိုးသစ်မွေးမြူသူ၏ ရပိုင် ခွင့် အခွင့်အရေးများကို အကာအကွယ် ပေးရန်၊ အပင်မျိုးသစ်မွေးမြူခြင်း လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အပင်မျိုးသစ်မွေးမြူခြင်း လုပ်ငန်း တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုတိုးတက်လာစေရန် ၊ အပင် မျိုးသစ်များ မွေးမြူရရှိလာပြီး စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်တို့ကို ရည်ရွယ်၍ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေး အဖွဲ့ကြီး (UPOV)က ပြဋ္ဌာန်းထားသည့် ၁၉၉၁ ဥပဒေသတ်မှတ်ချက်များနှင့် ကိုက်ညီရန် ဥပဒေပြင်ဆင်ပြဋ္ဌာန်းနိုင် ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်-၂၉ ဖြင့် အသစ် ပြဋ္ဌာန်းနိုင်ခဲ့သည်။ အပင် မျိုးသစ် အကာအကွယ်ပေးရေးဥပဒေ အသစ်ကို ၁-၁၁-၂၀၁၉ နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပ သည့် UPOVကွန်ဗင်းရှင်း၏ (၅၃)ကြိမ် မြောက် ကောင်စီအစည်းအဝေးသို့ တင်ပြခဲ့ရာ UPOV မှ positive deci-sion ရရှိခဲ့ပြီးဖြစ်သည်။
၂၀၁၇ ခုနှစ်၌ စတင်အသက်ဝင် ခဲ့သဖြင့် အပင်မျိုးသစ် အကာအကွယ် ပေးရေးဥပဒေပါ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့် အမျိုးသားအပင် မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီကို ၂၀၁၈ ခုနှစ်၊ ဖေဖော် ဝါရီလ(၂) ရက်နေ့ ရက်စွဲဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာအမှတ် ၄၆/ ၂၀၁၈ အရ ဖွဲ့စည်းခဲ့ကာ ဥပဒေ အကောင်အထည်ဖော်ရန် လိုအပ် သည့် နည်းပညာကော်မတီဖွဲ့စည်းရန် အမိန့်နှင့် ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်ခဲ့ပြီး စဉ်ဆက် မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ သဖြင့် အပင်မျိုးမွေးမြူသူများက ၎င်းတို့ မွေးမြူထုတ်လုပ်ထားသော အပင်မျိုးသစ်များကို အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေအောက် တွင် ကာကွယ်ခွင့်ယူရန် သီးနှံမျိုးစုံ အပင်မျိုးသစ် ၁၇ မျိုးအား တင်ပြ လျှောက်ထားခဲ့ရာ ယနေ့အထိ အပင် မျိုးသစ်လေးမျိုးအား အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်