Skip to main content

ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၈

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation) တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြုလုပ်ခဲ့သည့် ပြည်သူ့ရေးရာမူဝါဒနှင့် သုတေသနနည်းစနစ် (Public Policy and Basic Social Research Methodology)ဆိုင်ရာ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးချမ်းအေးနှင့် အာရှဖောင်ဒေးရှင်း ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Mark McDowell တို့က အမှာစကားပြောကြားကြသည်။

သင်တန်းဆင်းပွဲသို့ သင်တန်း ဆရာများဖြစ်ကြသည့် Sandhi Governance Institute မှ ဆရာ ဦးခိုင်ဝင်းနှင့် ဆရာမ ဒေါ်နီလာမြိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ ပါဝင်တက်ရောက် ခဲ့ကြသည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အွန်လိုင်း စနစ်ဖြင့်ပို့ချခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၁ ဦး ပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်