ကလေးသူငယ်များ ဘေးအန္တရာယ်ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ပါရန် မတ်လ၁၂ရက်က ယူနီဆက်မှတောင်းဆိုလိုက်သည့်ထုတ်ပြန်ချက်ကို တွေ့ရှိလိုက်ရသည်။နိုင်ငံအတွင်း ဆူပူလှုပ်ရှားမှုများကို တားဆီးထိန်းသိမ်းရာတွင် အနည်းဆုံးအင်အား ၊အနိမ့်ဆုံးအဆင့်ဖြင့်စိတ်ရှည်သည်းခံကာ ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ငယ်ရွယ်သူကလေးသူငယ်များ ပါဝင်လာပါကလည်း အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးလျက် ရှိသည်။
၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
အဓိက မိမိပြောလိုသည်မှာ မလေးရှားနိုင်ငံကို အဖွဲ့အစည်းတစ်ခု က တရားစွဲထားကြောင်း၊ အဆိုပါလူများကို ပြန်လွှတ်လျှင် လွတ်လပ် မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မလွှတ်သင့်သေးခြင်းကြောင့် တရားခဲ့ကြကြောင်း၊ ဒီအထောက်အထာဝရရှိရန်အတွက် အထောက် အပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သွားပေးသည့်သူအနေဖြင့် တပ်မတော် Quaranime Ceriter ကသည့်သူများ အပြင်ထွက်ချိန်တွင် အင်တာမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှား ပြန်အင်တာ ဗျူးကို ကြည့်ပြီး မိမိ ပြောလိုသည်မှာ ထိုအရာကိုပဲ နှိုင်းယှဉ်ကြည့်စေလိုကြောင်း တချို့ အဖွဲ့ အစည်းများ၊ မီဒီယာများအနေဖြင့် မိမိတို့ပြည်သူလူထုအပေါ်နှင့် နိုင်ငံတော်အပေါ်ထား သည် စေတနာအစစ်အမှန်ကို တွေ့ နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယခုလည်း အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၊ ပို့ဘလဲယား ဆိပ်ကမ်းမှာရှိသော မြန်မာနိုင်ငံသား ဂျဝ အား မတ် ၆ ရက်က သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ မတ် ၁ဝ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ လာပြီးဖြစ် ကြောင်း၊ အများစုမှာ ရေလုပ်သားများဖြစ်ကြောင်း၊ တချို့မှာ မြန်မာနိုင်ငံနှင့် အဆက်အသွယ် ပြတ်နေသည့်သူများဖြစ်ပြီး ၆ နှစ်လောက် အဆက်အသွယ်ပြတ်နေသူပါဝင်ကြောင်း ၎င်းတို့မှာဘာမျှော်လင့်ချက်ရှိကြောင်း၊ ထို့နောက် သီရိလင်္ကာ၌ ပညာသင်ကြားနေသည့် စာသင်သား သံဃာတော်များ၊ သီလရှင်များအား လေယာဉ်ဖြင့် သွားရောက်ပင့် ဆောင်ခဲ့ ကြောင်း၊ မတ် ၁၀ ရက် ညနေတွင် ပြန်ရောက်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ နှင့် တပ်မတော် အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် မှာပင် စေတနာထား လက်တွေ့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိနိုင်ငံ အတွင်းမှာရှိသည့် နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထု အတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုကြား သွေးကွဲ စေရန် ဆောင်ရွက်နေသည့် အကြံအစည် လုပ်ဆောင်ချက်များကို သတိ ထားစေရန်အတွက် သတင်း စကားပါးလိုပါကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြု တစ်လတာ
(ယမန်နေ့မှ အဆက်)
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တစ်လတာအတွင်း
တွေ့ရှိချက်များ -
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလည်း ဖေဖော်ဝါရီလ ၁၆ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းထုတ် ပြန်ချက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲနဲ့ စပ်လျဉ်းလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် စ မြို့နယ်ရဲ့ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့ရာမှ စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြထား ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်နှင့် ပြင်ဦးလွင် တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားအရာရှိ၊ စစ်သည်၊ ဗိုလ်လောင်း များအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် | ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ သင်တန်းသား အရာရှိနှင့် ဗိုလ်လောင်းများ၊ သင်တန်းသားစစ်သည်များ၊ သန္ဓေစစ်သည်နှင့် မိသားစုများအား သီးခြားစီ တွေ့ဆုံ၍ အားပေးအမှာစကားပြောကြား သည်။
ဒုတိယဝန်ကြီး ဦးမင်းထိန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက် ရေးစီမံကိန်းဆောင်ရွက်နေမှုနှင့်လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ ကိုရီးယား-မြန်မာစက်မှု ဇုန်လုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များ အသင်းချုပ် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှဆောင်ရွက်သော ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။ ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း NCA တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစား ဆောင်ရွက်သွားမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အမှာစကား
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဦးတည်ချက်များကို အလေးထား၍ တိုင်းရင်းသားပြည်သူအကျိုး ဖော်ဆောင်
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင် တိုင်းရင်းသား ခြောက်သန်းနီးပါး၊ ကချင်ပြည်နယ်တွင် တစ်သန်းခွဲကျော် နေထိုင်ကြရာတွင် တိုင်းရင်းသားမျိုးနွယ်စုကွဲများနှင့်အတူ ချစ်ချစ်ခင်ခင် အတူတကွ လက်တွဲနေထိုင်ကြသည်။ အလားတူပင် ကျေးလက် ဒေသများတွင်လည်း တိုင်းရင်းသားပြည်သူပေါင်းစုံ စုပေါင်း နေထိုင်ကြသည်။
မြို့ကြီးပြကြီးများနှင့် အလှမ်းဝေးသောဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရိုးသားဖြူစင်စွာဖြင့်၊ အေးချမ်းစွာဖြင့်နေထိုင် လျက်ရှိကြသည်။ ထိုသို့ အေးချမ်းစွာနေထိုင်လျက်ရှိသေ
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။