နေပြည်တော် မတ် ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များ အသင်းချုပ် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှဆောင်ရွက်သော ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။ ။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးတို့က ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူများအတွက် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ ကို လည်းကောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းတို့မှ တာဝန်ရှိသူတို့က အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက် ၍ လည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးသန်းဇော်အေး က အငှားအိမ်ရာစီမံကိန်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ၊ လမ်း/တံတားကဏ္ဍနှင့် မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို ပြည်သူများအတွက် နေထိုင်ရေးအဆင်ပြေစေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိ သော်လည်း ရပ်တန့်သွားမှုမရှိစေဘဲ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလို စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်း များလည်း ဖန်တီးပေးရာရောက်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက် ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုပါကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ အရည်အသွေးပြည့်မီရေးနှင့်စေတနာထား
ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြည်သူ့ အငှား | အိမ်ရာတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
တည်ဆောက်သွားမည်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၇) | လမ်းနှင့်အမှတ် (၂)လမ်း ကြားရှိ မြေဧရိယာ(၁၇၁)ဧကပေါ်တွင် ပြည်သူ့ အငှားအိမ်ရာ ပထမအဆင့် လေးခန်းတွဲ ငါးထပ်၊ (၁၉၄)လုံး (၃၁၀၄) ယူနစ်တို့ကို ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်သွားမည်ဖြစ်သည်။
ဒုတိယဝန်ကြီးသည် မတ် ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရှိ ကိုရီးယား-မြန်မာစက်မှု $(KMIC) Korea Myanmar Economic Cooperative Industrial Complex စက်မှုဇုန်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေး က စက်မှုဇုန် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
မှာကြား တင်ပြချက်များပေါ်ဒုတိယဝန်ကြီးက ကိုရီးယား-မြန်မာစက်မှုဇုန် (KMIC)သည် ရန်ကုန်မြို့ပတ်ဝန်းကျင် လှည်းကူးဒေသဖွံ့ဖြိုး တိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအား ဖိတ်ခေါ်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း မှာကြားသည်။
စက်မှုဇုန်သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသည့် စက်ရုံပေါင်း ၁၀၀ ကျော်ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ရာ KMIC စက်မှုဇုန် တည်ဆောက် ခြင်းဖြင့် နိုင်ငံခြားပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်း ၊ အခွန်အခရငွေများ တိုးပွားရရှိနိုင်ခြင်း၊ ဒေသနှင့်အနီးဝန်းကျင်မှ ပြည်သူများအတွက် | အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးနိုင်ခြင်းတို့အပြင် ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးနှင့် အထောက်အကူပြုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025

23 Jun, 2025