Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူ့အကျိုးပြု တစ်လတာ

(ယမန်နေ့မှ အဆက်) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တစ်လတာအတွင်းတွေ့ရှိချက်များ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလည်း ဖေဖော်ဝါရီလ ၁၆ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သတင်းထုတ် ပြန်ချက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲနဲ့ စပ်လျဉ်းလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြို့နယ် စ မြို့နယ်ရဲ့ ဆန္ဒမဲပေးမှုများကို စစ်ဆေးခဲ့ရာမှ စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြထား ပါတယ်။ ယခင်ရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ကြေညာတဲ့ မဲဆန္ဒရှင်စာရင်း မှာ ၉ဝ၆၂၂၆ ဦးဖြစ်ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမှာ ၇၀၃၅၄၆ ဦး ဖြစ်ပါတယ်။ မဲဆရှင်စာရင်းများမှာ နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ လက်မှတ်မရှိသူများမှာ ၁၀၈၃၃၃ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် သုံးကြိမ် နှင့်အထက် ပါဝင်နေသူများမှာ ၆၉၀၀။ နှစ်ကြိမ်ပါဝင်သူများမှာ ၇၆၂၂၂ ဦးဖြစ် တယ်လို့ စာရင်းဇယားများဖြင့် စစ်ဆေး တွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့တာ တွေ့မြင်ရပါတယ်။ ထို့ပြင် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုနဲ့ ပတ်သက်လို့ စစ်ဆေးတွေ့ရှိချက်များကို လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၂၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။ တွေ့ရှိချက်များအရ ကနဦးဆန္ဒမဲ လက်မှတ်ပေါင်း ၁၃၈၄၆၀၂၇ဝ ရိုက်နှိပ် ခဲ့ပြီး လိုအပ်ချက်အရ ထပ်မံ၍ ကိုးကြိမ် ရိုက်နှိပ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်ရက်အလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် နှစ်ကြိမ်ထပ်မံ မှာကြား ချက်အရ ဆန္ဒမဲလက်မှတ် ရိုက်နှိပ်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ စာရင်း ဇယားများနဲ့ ဖော်ပြထုတ်ပြန်ခဲ့ပါ တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေ တတိယအကြိမ်မြောက် သတင်း ထုတ်ပြန်ချက် အဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော် ၈ မြို့နယ်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့တဲ့ ဆန္ဒမဲ လက်မှတ်များ ထုတ်ယူရရှိ/သုံးစွဲ လက်ကျန်အခြေအနေများကိုသက်ဆိုင်ရာမြို့နယ်အလိုက် မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုရလဒ်များကို ထုတ်ပြန်နိုင်ခဲ့ပါ တယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရခိုင် ပြည်နယ် စစ်တွေ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့) မြို့နယ်နဲ့ ရှမ်းပြည် နယ် တောင်ကြီးမြို့နယ်တို့ရဲ့ ဆန္ဒမဲပေးမှု များကို စစ်ဆေးခဲ့ရာ မဲစာရင်းကွာခြားမှု များကို စာရင်းဇယားများဖြင့် ထုတ်ပြန်ခဲ့ ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန် ချက်တစ်ရပ် ထုတ်ပြန် ခဲ့ပြီး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး မကွေး မြို့နယ်တို့ တွင် ဆန္ဒမဲပေးမှုအခြေအနေများနဲ့ စပ်လျဉ်းလို့ မဲစာရင်းနဲ့ မြေပြင်စာရင်း ကွာဟချက် များကို စာရင်းဇယားများဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကနေ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးကို ထိပါးနှောင့်ယှက် မှုများကိုကာကွယ်တားဆီးနိုင်ရန်အတွက် လိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပြဌာန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။ ဥပမာ-ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ( ဥပဒေနဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံ မှုကိုကာကွယ်ပေးရေး ဥပဒေ ကိုပြင်ဆင်တဲ့ ဥပဒေ စသည်တို့ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေ ကိုလည်း ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါ တယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့ တာဝန်ထမ်းဆောင်ရန်ပျက်ကွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများကို လည်း လုပ်ငန်းခွင်များထံ အမြန်ဆုံး ပြန်လည်ဝင်ရောက်ကြဖို့အတွက် အသိပေးကြေညာချက်များကို ဖေဖော်ဝါရီလ ဒုတိယ ပတ်မှစတင်ကာ ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ထမ်းများ CDM လှုပ်ရှားဆောင် ရွက်မှုနဲ့ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြား ဖြန့်ချိသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းနဲ့ CDM နှင့်ပတ်သက်ပြီး အွန်လိုင်းတွင် လှုံ့ဆော်နေတဲ့ အဖွဲ့များနဲ့ အဆိုပါအဖွဲ့များနောက်မှာ ပံ့ပိုးနေသူများ ရှိကြောင်း၊ ယင်းတို့နောက်မှာ ငွေကြေး စိုက်ထုတ်ပေးတဲ့ အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေနဲ့ လုပ်ဆောင်ရန်ရှိ သည်များကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အပါ အဝင် ရှေ့ဆက်ဆောင်ရွက်သွားမယ့် ကိစ္စ ရပ်များနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားချက်များကို ဖေဖော်ဝါရီလ၂ရက် နေ့က ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁) မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အသိပေးချက်တစ်ရပ်ကို မတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့်မရှိ သေးသူများက “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ" CRPH အမည်ဖြင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း သည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် အပြင် ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် ယင်းကော်မတီ တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားခဲ့ပါတယ်။ စီးပွားရေးဦးတည်ချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက စီးပွားရေးလုပ်ငန်းများ ပုံမှန် အတိုင်းဆက်လက် လည်ပတ်နိုင်စေရေးနဲ့ စည်းကမ်းတကျ ပြန်လည်လည်ပတ်နိုင် ရေးအတွက်လည်းကောင်း၊ တိုင်းပြည် တစ်ခုရဲ့ အဓိကမောင်းနှင်အား စီးပွားရေး ကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်နှင့် ငွေရေး ကြေးရေးကဏ္ဍ တည်ငြိမ်မှုရှိစေရေးတို့ အတွက်လည်းကောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်း ချုပ်နှင့် ညီနောင်အသင်း များမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘဏ် များအသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘဏ်လုပ်ငန်းရှင်များ တို့နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ထို့အတူ ငွေကြေးဆိုင်ရာကောလာဟလများနှင့် ပတ်သက်၍ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေး အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လည်း သတင်းထုတ်ပြန်ချက်များကို အချိန်မဆိုင်း ထုတ်ပြန် ပေးနိုင်ခဲ့ပါတယ်။ ပြည်သူများခရီးသွားလာမှုလွယ်ကူ စေရေးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ် နိုင်စေမယ့် နည်းလမ်းများကို လိုက်နာခြင်းဖြင့် အများပြည်သူများ ပြည်တွင်းခရီးသွားလာမှု လွယ်ကူစေရန် အတွက် လေကြောင်းလိုင်းများပြန်လည် ဖွင့်လှစ်ပေးခြင်း၊ မီးရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် အဝေးပြေးယာဉ် လိုင်းများ တိုးချဲ့ပြေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ထပ်မံ၍ ကာလတိုးမြှင့် ကင်းလွတ်ခွင့်ပြု ပေးခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့စီးပွားရေး အတွက် ဆောင်ရွက်မှုများထဲမှ တစ်ခု ဖြစ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်များ အဆင် ပြေစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးနေကြသည့် စီးပွား ရေးလုပ်ငန်းများ အထိုက်အလျောက် သက်သာခွင့်ရရှိစေရန်အတွက် ဖေဖော် ဝါရီလ တတိယပတ်အတွင်း ကမ်းဝေး ငါးဖမ်းရေယာဉ်များကို ငါးဖမ်းရက်တိုးမြှင့် ခွင့်ပြုခြင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် အကောင်အထည် ဖော်ရေးကိုလည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆောင်ရွက် ခဲ့ပါတယ်။ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက် မှုသက်သာရေး စီမံချက်အကောင်အထည် ဖော်မှုများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခြင်း များ လုပ်ဆောင်လျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တာဝန်ယူဆောင်ရွက်ချိန်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်။ ထိန်းချုပ်။ ကုသရေး ရန်ပုံငွေများသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဘဏ္ဍာရေးစည်း မျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်၍ သတင်းထုတ်ပြန်ပေးနေတာကို မြင်တွေ့နိုင်ပါတယ်။ ထို့ပြင် အငြိမ်းစားပင်စင်လစာ ထုတ်ယူကြမယ့် ကိုးသိန်းကျော်သော ပင်စင်စားကြီးများ အဆင်ပြေလွယ်ကူ စွာဖြင့် ပင်စင်လစာများ ထုတ်ယူနိုင်ရေး အတွက် ရုံးဖွင့်ရက် ၂၁ ရက်နေ့ တစ်ရက် တည်းအစား ၂၁ ရက်နေ့ နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များမှာ ထုတ်ယူခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီးပွားရေးရာ ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ စီးပွား ရေးကော်မတီဥက္ကဋ္ဌက ကိုဗစ်ကပ်ရောဂါကြောင့် ယိုင်နဲ့နေသည့် စီးပွားရေးကို အမြန်ဆုံး ပြန်လည်တည့်မတ်စေရေး ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဌာနဆိုင်ရာတာဝန် ရှိသူများက မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း ထည့်သွင်း ပြောကြား ခဲ့ပါတယ်။ လူမှုရေးဦးတည်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြည်သူများ လပေါင်းများစွာတောင့် တနေခဲ့တဲ့ ဘုရားပုထိုးများ ဖူးမြော်ခွင့်ကို ပြန်လည်ခွင့်ပြု နိုင်ဖို့အတွက် ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးနှင့် ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့ရှိ ဘုရားစေတီ၊ ပုထိုးများအပါအဝင် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရား၊ စေတီပုထိုးများကို ကိုဗင်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင် ဖို့ ဒေသအသီးသီးမှာရှိတဲ့ နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများက စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ ကြပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ ဘုရား၊ စေတီပုထိုး များမှာ ရဟန်းရှင်လူပြည်သူများ သဒ္ဓါကြည်ညိုစွာ ဖူးမြော်ခွင့်ရရှိခဲ့ပြီဖြစ်ပါ တယ်။ ကျန်းမာရေးစောင့်ရှောက် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူများ ရဲ့ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်း တွေမှာ ကူညီအားဖြည့်ပေးရန်ဟူသည့် တပ်မတော်၏စေတနာဖြင့် တပ်မတော် ဆေးရုံများတွင် တိုင်းရင်းသား ပြည်သူ အားလုံး အခမဲ့တက်ရောက်ဆေးကုသမှု ခံယူနိုင် ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက် နေ့စွဲဖြင့် အသိပေးထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ လဆန်းမှ ဖေဖော်ဝါရီလ ၂၈ ရက် တစ်လတာအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက် အကူပြုနေကြတဲ့ တပ်မတော်ဆေးရုံများ နှင့် ယာယီကုသရေးဆေးရုံများတွင် ပြင်ပလူနာ ၃၆၁၃၃ ဦး၊ အတွင်းလူနာ ၃၅၅၀ တို့ကို တပ်မတော်မှ ပါရဂူများ။ဆေးမှူးများ၊ သူနာပြုများက ကျန်းမာ ရေးစောင့်ရှောက်ခြင်း၊ ခွဲစိတ်ကုသခြင်း များပေးအပ် ခဲ့ကြပါတယ်။ လူနာနဲ့ လူနာ စောင့်များ နေထိုင်စားသောက်မှုအဆင် ပြေစေရေးအတွက်လည်း တာဝန်ယူဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လူနာများ အနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ် တဲ့လူနာ ၁၅၉၂ ဦး၊ အသေးစားခွဲစိတ်ကုသ ရန် လိုအပ်သူ ၈၇၀၊ မွေးလူနာ ၉၀၉ ဦးတို့ကို ခွဲစိတ်မီးဖွားပေးနိုင်ခဲ့ပြီး ရိုးရိုးမွေး လူနာ ၁၃၃၁ ဦးကို မီးဖွားပေးနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ကလေးငယ်စုစုပေါင်း ၂၂၄၀ ကို ဖေဖော်ဝါရီလအတွင်း တပ်မတော်ဆေးရုံအသီးသီးမှာ အောင်မြင်စွာ မွေးဖွားပေးခဲ့တာလည်းဖြစ်ပါတယ်။ လူမှုရေးအကူအညီများ ပေးအပ် ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလ အတွင်း နိုင်ငံရပ်ခြားမှာ ကာလကြာရှည် စွာ ပိတ်မိဒုက္ခခံနေကြရတဲ့ မြန်မာနိုင်ငံ သားများ မိမိတို့နိုင်ငံသို့ ပြန်လည် ရောက်ရှိလာနိုင်စေဖို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် များအတိုင်း ဆောင်ရွက်မှု တစ်ရပ်အဖြစ် မလေးရှားနိုင်ငံတွင် ယခင်ကာလများကတည်းက အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံနေကြရတဲ့ မြန်မာ နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် အတွက် တပ်မတော်ရေမှ တာဝန်ရှိသူများ ဦးဆောင်တဲ့ စစ်ရေယာဉ် သုံးစင်းဟာ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံသို့ ဖေဖော် ဝါရီလ ၁၅ ရက်နေ့က စတင်ထွက်ခွာခဲ့ကြ ပါတယ်။ မလေးရှားနိုင်ငံမှာ ရောက်ရှိ ပိတ်မိနေတဲ့ မြန်မာ နိုင်ငံသား ၁၀၈၆ ဦး ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန မှ တာဝန်ရှိ သူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည် ခုတ်မောင်းလာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် ပြည်တော် ပြန်များ၏ လုံခြုံရေး၊ ကျန်းမာရေးနဲ့ စားသောက်ရေး တို့အတွက် တပ်မတော်မှ အစစအရာရာ ကူညီစောင့်ရှောက်ပေး ခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ အမှတ်(၃)ရေတပ်ဆိပ်ကမ်းသို့အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပါ တယ်။ နေရပ်ပြန်များကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နဲ့အညီ တပ်မတော်ကာရန်တင်းစင်တာတွင် လက်ခံထားရှိပြီး နေရပ်အသီး သီးသို့ ပြန်လည်ရောက်ရှိစေဖို့နဲ့ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေဖို့အထွက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လူမှုရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင် ရွက်ရာမှာ လည်း နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက် နေ့ထူးနေ့မြတ်များ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် ရှင်းပြည် နယ်နေ့အခမ်းအနား ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ချင်းအမျိုး သားနေ့အခမ်းအနားတွေကို သဝဏ်လွှာ များပေးပို့ခဲ့ပြီး တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမအတွက် တစ်သား တည်ရှိနေကြောင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး လျက်ရှိရာ ဖော်ဝါရီလ ၅ ရက်နေ့ မှာယာယီသမ္မတအပါအဝင် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်များနဲ့ ဝန်ကြီးဌာနမှ အရာထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVIDSHIELD) ပထမ အကြိမ်အဖြစ် စတင်ထိုးနှံပေးနိုင်ခဲ့ သလိုမတ်လ ၅ရက်နေ့မှာ ဒူဘိယ အကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး ဖြစ်ပါ တယ်။ ထို့ပြင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးခြင်း အသက် ၆၅ နှစ် အထက် မိဘပြည်သူများ အား ကာကွယ်ဆေးထိုးလုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများရဲ့ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍ ပိုမိုမြင့်မားလာစေရေး အတွက် ဆေး တက္ကသိုလ် များနှင့် ဆေးပညာနွယ် တက္ကသိုလ်များမှာ ခွဲရလွန်သင်တန်းတွေ ဖွင့်လှစ်သင်ကြားဖို့ အတွက် လျှောက်လွှာများ ခဲ့သလို မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် လစ်လပ်နေရာ များအတွက် အစားထိုးရွေးချယ်ရန် ကိုယ်စားလှယ် ဖိတ်ခေါ်ပေးနိုင်ခဲ့ပါတယ်။ ထို့ပြင် အခြေခံ ပညာကျောင်းများ ပြန်လည် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စာသင်ခဲ့နှင့် သင်ထောက်ကူပစ္စည်းများ နေရာချထား ရေး၊ ကျန်းမာရေး ဆောင်ရွက်ချက်များ ကိုတင်၁၉ရောဂါကာကွယ်ရေးစည်းကမ်း များနှင့်အညီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး တို့ကိုလည်း ကြိုတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ် ဆိုတာကို တင်ပြရင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ တစ်လတာခရီးကို မှတ်တမ်း တင်ဂုဏ်ပြု ဖော်ပြလိုက်ရပါတယ်။ ကနောင်