Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း NCA တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစား ဆောင်ရွက်သွားမည်

နေပြည်တော် မတ် ၈ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ တက်ရောက် အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng | Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူခဲ့သည့် ပထမ ရက်သတ္တပတ်အတွင်း ပုံမှန်အခြေအနေရှိခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ဆန္ဒပြမှုများရှိသဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ မြို့နယ် ၂၀၀ ကျော်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များ စတင်လာ သည်ကိုတွေ့ရပြီး လုံခြုံရေးဝန်ထမ်း များအား ဓား၊ ဂျင်ကလိ၊ လေးခွ၊ ကုန်းသီး တူမီး၊ လုပ်သေနတ် တို့နှင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မီးရှို့ဖျက်ဆီးခြင်း လုပ်ရပ်များကိုလည်း ဆောင်ရွက်လာကြောင်း၊ ဆူ ဆန္ဒပြသူအချို့ကို ဖမ်းဆီးခဲ့သော်လည်း တချို့ ကို စစ်ဆေးပြီး ပြန်လွှတ်ရန် စီစဉ်နေကြောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံး ဆောင်ရွက်ခဲ့ ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ဝ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေ နှင့်အညီ ခြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး အမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ သေဆုံးမှုတွင် မန္တလေးမှ အမျိုးသမီး တစ်ဦးနှင့် နေပြည်တော်မှ အမျိုးသမီးတစ်ဦးတို့မှာ ရဲတပ်ဖွဲ့ဝင် များ အသုံးပြုသည့် လက်နက်ကြောင့် မဟုတ်ဘဲ ပြင်ပမှပစ်ခတ်သည့် လက်နက်တစ်ခုကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း။ - စိစစ်ဖော်ထုတ်နေ CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာ ခြင်းမဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထား သည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေသည်ကို တွေ့ ရသဖြင့် ဠကြေးစီဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ်နေကြောင်း၊ ယမန်နေ့ကလည်း သတင်းထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာတွင် ဒီမိုကရေစီစနစ်အရ ဆန္ဒပြမှုများရှိသော်လည်း အစိုးရနှင့်အုပ်ချုပ်မှုအဖွဲ့အစည်းများကိုသာ ဆs ခြင်းဖြစ်ပြီး စီးပွားရေးထိခိုက်အောင်လုပ်ဆောင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံများ၊ ခရီးများလာရေးလုပ်ငန်းများ၊ ငွေကြေး လည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများထိခိုက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ ရကြောင်း ယင်းထက် ဆိုးရွားသည်မှာ ဆရာဝန်များ အနေဖြင့် ဆေးရုံများပိတ်ထားခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းမှာ ရန်သူ မိတ်ဆွေ မခွဲဘဲ ကုသပေးရမည်ဖြစ်ပြီး ယင်းကို ချက် ယင်းသို့ ဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများမြင့်မြင့်နှင့်လှစ် နိုင်ရေးအထွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးများမှာ ပုံမှန်ပြေးဆွဲနေပြီး မကြာမီ ရက်ပိုင်းအတွင်း ရန်ကုန်-မန္တလေး မီးရထားပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် အနည်းငယ်သာ ပြန်လည်ဖွင့်လှစ်သည်ကို တွေ့ ရှိရ ကြောင်း၊ ပုဂ္ဂလိကဘဏ်အားလုံး အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘဏ်များအထွက်လုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အများ ပြည်သူအကျိုးအတွက် ဘဏ်များဖွင့်လှစ်ရန် လိုအပ် ကြောင်း။ ဒီမိုကရေစီစနစ်အရ နိုင်ငံတကာတွင် ဆန္ဒပြမှု များရှိပါကြောင်း၊ ဆန္ဒပြမှုမဟုတ်ဘဲ အကြမ်းဖက် ပါကြောင်း၊ မိမိတို့အနေဖြင့် သိမ်သိမ်မွေ့ လုပ်ရပ်များ ဆောင်ရွက်လာပါက ဖြိုးမင်းသိပ်နင်းမှုများ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ သို့သော် လည်း မီဒီယာများက ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်အညီ ရှင်း ရိုက်ကူး၍ ထပ်ကာထပ်ကာထုတ်တင်ပြီး ပြည်သူများ နှင့် နိုင်ငံတကာမှ အမြင်မှားစေရန် ဆောင်ရွက်နေ သည်ကို တွေ့ ရကြောင်း။ စစ်ဆေးတွေ့ရှိ ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေး ဖြစ်သူ SHAN TURNFL မှာ မြန်မာနိုင်ငံမှတိမ်းရှောင် ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေး လုပ်ငန်းဆိုင်ရာ အချက်အလက်မှာကို စစ်ဆေး တွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စု အစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရ အဖွဲ့မှ ပြည်ထောင်စုဝန်ကြီးအချို့ သည် မ သုံးစွဲမှုများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ နှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ ရသည့် အတွက် လာရောက်ရှင်းလင်းရန် ခေါ်ယူချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏လုပ်ရပ် မှန်ကန်စွာ ဖြစ်ကြောင်း၊ အလားတူ ယခင် တိုင်းဒေသကြီး၊ ပြည်နယ်ဝနံ ။ ပြည်ထောင်စုနှင့်အထက် အဆင့်ရှိသူများ၏ ဆောင်ရွက်မှုများကို စိစစ်ဆောင်ရွက်ရာတွင် အဂတိ လိုက်စားမှုများရှိသည့်အတွက် အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ်ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် ဦးရေ ၃၅၀၇၇ဝ ရှိသည်ကို တွေ့ရ စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် သည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော် တွင် စည်းကမ်းပြည့်ဝပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့် အချက်ပါဝင်ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီး နှင့်ရှိသူတိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံ ကတ်များ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း NCA တွင် လက်မှတ်ရေးထိုးရသေး သည့်တိုင်းရင်းသားလက်နက်ကိုင်များစလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ပြင် ထာဝရငြိမ်းချမ်းရေးရရှိ အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်အနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ်ထဲတွင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဝင်ရောက်ရှင်းပေးခဲ့ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေရေး အတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့ နိုင်ငံသည် မိမိတို့ထက် လူဦးရေများပြားသည့် နိုင်ငံများအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင် ဆောင်ရွက်နေရ မည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်တည်ငြိမ်ငြိမ် ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ် ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာသင်ကြားရန်နှင့် စစ်မှု ထမ်းရန် တာဝန်ရှိကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ က Farni နော်တောင်၊ ဦးခင်မောင်ဆွေနှင့်ဒေါ်အေးနုစိန်တို့က လူမှုကွန်ရက် စာမျက်နှာများမှ အခွန်အကောက်ရရှိရေးနှင့် နည်းပညာအခြယ်လှယ်နေသည့် အဖွဲ့ အစည်းများ အား ဖော်ထုတ်အရေးယူရေး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆန့်ကျင်နေသည့် ဥပဒေများ »ယ်နက်ရေး နှင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPHနှင့် အခြား အဖွဲ့ အစည်းများတွင် ပါဝင်ပတ်သက်နေသူများအား စိစစ်ဖော်ထုတ်အရေးယူသွားရေး၊ ဆူပူဆန္ဒပြမှုများ တွင် အသုံးချခံနေရသူများအား နိုင်ငံရေးပညာပေး လုပ်ငန်းများဆောင်ရွက်ရေး ၊ အသမာမှုကိစ္စနှင့် အခြားပဒေနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား အမြန်ဆုံး ပြည်သူသိုချပြရေး၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေသည့် ပိုစတာ နှင့် ဆိုင်းဘုတ်များအား ရိုက်နှိပ်လျက်ရှိသည့် ပုံနှိပ် လုပ်ငန်းများအား ဖော်ထုတ်အရေးယူမှုရေး သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် ဆောင်ရွက်ပေး ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ရေး ရပ်ဆိုင်းထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်း ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် အရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ “ တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်နေသည့်ဥပဒေများကို ပယ်ဖက် နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း CRP တွင်ပါဝင်နေသူများအား စိစစ်အရေးယူဆောင်ရွက် လျက်ရှိပြီး အချို့ ပုဂ္ဂိုလ်များက ၎င်းတို့အနေဖြင့် CRP တွင် ပါဝင်မှုမရှိသည်ကို ဆက်သွယ်ပြောဆိုလာမှုများရှိကြောင်း၊ အလားတူ အချို့ ဆရာဝန်များ ကလည်း ၎င်းတို့အနေဖြင့် COM တွင် ပါဝင်ဆောင် ရွက်မှုများမရှိသည်ကို ဆက်သွယ်ပြောကြားလာကြောင်း၊ ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဆောင်ရွက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း လူငယ်များ နိုင်ငံရေး တွင် အသုံးချခံမဖြစ်စေရေးအတွက် ပညာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆူ ဆန္ဒပြမှုများတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လူငယ်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူအနည်းငယ်သာရှိ ကြောင်း၊ အမတွင် ပါဝင်လှုပ်ရှားမှုမရှိသည့် ဝန်ထမ်း များကို ခြိမ်းခြောက်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် အရှက်ခွဲခြင်းများ ပြုလုပ်နေသူများကို ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း စမ်းချမ်းစွာနေထိုင် လိုသည် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံမှုရှိအောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း။ ဖိတ်ခေါ်ရန်လိုအပ် တိုင်းပြည်စီးပွားရေးအတွက် အဓိက မောင်းနှင်အားဖြစ်သည့် ဘဏ်လုပ် ငန်းများ ပုံမှန် လည်ပတ်စေရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို လည်း ဖိတ်ခေါ်ရန် လိုအပ်ပြီး ပြည်တွင်းအစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို သွား ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်စေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးရေးကို အခြေခံ သည့် ကုန်ထုတ်လုပ် များကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာသင် ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား COVID-19 စည်ကမ်းချက်များနှင့်အညီ တစ်ပြိုင်နက် တည်းဆောင်ရွက်လျက်ရှိကြောင်းပြန်လည်ဖွင့်လှစ်ရန် တင်ပြထားသည့် ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းများကိုလည်း COVID-19 စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း။ မဲမသမာမှုနှင့် ငွေကြေးအရခွဲသုံးအဆောင်ရွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူ သို့အသိပေး ထုတ်ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ပြုလုပ်ရာတွင် ရိုးသားမှုရှိရန် လိုကြောင်း ထောက်ခံမှုရအောင်ဆောင်ရွက်ပြီး အခြားသူကို ပုတ်ခတ်ပြောဆို၍ နစ်နာအောင် ဆောင်ရွက် သည် မရိုးသားသည့်နိုင်ငံရေးဖြစ်သဖြင့် တိုင်းပြည် အထွက် များစွာနစ်နာရကြောင်း၊ မရိုးသားသည့် နိုင်ငံရေးဆောင်ရွက်ချက်ကြောင့် ယခုအခြေ အနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့ တာဝန် ယူချိန်ကာလအတွင်း တိုင်းပြည်ကောင်းအောင် ရိုးရိုး သားသာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်