ယမန်နေ့မှအဆက်
အဓိက မိမိပြောလိုသည်မှာ မလေးရှားနိုင်ငံကို အဖွဲ့အစည်းတစ်ခု က တရားစွဲထားကြောင်း၊ အဆိုပါလူများကို ပြန်လွှတ်လျှင် လွတ်လပ်မည် မဟုတ်ကြောင်း၊ ယခုအချိန်တွင် မလွှတ်သင့်သေးခြင်းကြောင့် တရားစွဲခဲ့ကြကြောင်း၊ ဒီအထောက်အထားရရှိရန်အတွက် အထောက် အပံ့ခဲ့ခြင်းဖြစ်ကြောင်း၊ သွားပေးသည့်သူအနေဖြင့် တပ်မတော် Quarantime Center ကသည့်သူများ အပြင်ထွက်ချိန်တွင် အင်တာမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှား ပြန်အင်တာဗျူးကို ကြည့်ပြီး မိမိ ပြောလိုသည်မှာ ထိုအရာကိုပဲ နှိုင်းယှဉ်ကြည့်စေလိုကြောင်း တချို့ အဖွဲ့ အစည်းများ၊ မီဒီယာများအနေဖြင့် မိမိတို့ပြည်သူလူထုအပေါ်နှင့် နိုင်ငံတော်အပေါ်ထား သည် စေတနာအစစ်အမှန်ကို တွေ့ နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယခုလည်း အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၊ ပို့ဘလဲယား ဆိပ်ကမ်းမှာရှိသော မြန်မာနိုင်ငံသား ဂျဝ အား မတ် ၆ ရက်က သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ မတ် ၁ဝ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ လာပြီးဖြစ် ကြောင်း၊ အများစုမှာ ရေလုပ်သားများဖြစ်ကြောင်း၊ တချို့မှာ မြန်မာနိုင်ငံနှင့် အဆက်အသွယ် ပြတ်နေသည့်သူများဖြစ်ပြီး ၆ နှစ်လောက် အဆက်အသွယ်ပြတ်နေသူပါဝင်ကြောင်း ၎င်းတို့မှာဘာမျှော်လင့်ချက်ရှိကြောင်း၊ ထို့နောက် သီရိလင်္ကာ၌ ပညာသင်ကြားနေသည့် စာသင်သား သံဃာတော်များ၊ သီလရှင်များအား လေယာဉ်ဖြင့် သွားရောက်ပင့် ဆောင်ခဲ့ ကြောင်း၊ မတ် ၁၀ ရက် ညနေတွင် ပြန်ရောက်ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ နှင့် တပ်မတော် အနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် မှာပင် စေတနာထား လက်တွေ့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိနိုင်ငံ အတွင်းမှာရှိသည့် နိုင်ငံသူ၊ နိုင်ငံသား ပြည်သူလူထု အတွက်ဆိုလျှင် ဆိုဖွယ်ရာမရှိကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုကြား သွေးကွဲ စေရန် ဆောင်ရွက်နေသည့် အကြံအစည် လုပ်ဆောင်ချက်များကို သတိ ထားစေရန်အတွက် သတင်း စကားပါးလိုပါကြောင်း ပြောကြားသည်။
ဝန်ထမ်းအများစုလုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်
နံပါတ်( ၃) ချက်အနေဖြင့် CDM ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းများအား အလုပ်မဆင်းရန်၊ ရုံးမတက်ရန် လှုံ့ဆော်နေသည့် လူအများစုမှာ နိုင်ငံ့ဝန်ထမ်းများမဟုတ်ကြောင်း၊ မိမိထပ်မံ ပြောကြား လိုသည်မှာ CDM ကို လှုံ့ဆော်နေသူများမှာ နိုင်ငံ့ဝန်ထမ်းတွေမဟုတ်ကြောင်း၊ ဖေဖော်ဝါရီလအလယ်မှ အရှိန်မြင့်တက်လာပြီး နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာစောင့်သိရိုသေကြသည့် ပြည်သူ ဝန်ထမ်းတွေကို ရုံးဆင်း၊ ရုံးတက်မှာ နှောင့်ယှက်ခြင်းများ ဟန့်တားခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများဆောင်ရွက်လာသည်ကို ၉ ရကြောင်း၊ တရာဒမဝင်အဖွဲ့အစည်းအသီးသီးက Social Media မှတစ်ဆင့် CDM တွင်ပါဝင်သည့် ဝန်ထမ်းများအား လစာပေးမည် ဝန်ထမ်းအဖြစ် ထုတ်ပယ်ပါက အလုပ်ခန့်အပ်မည်။ နေစရာ ပေးမည်ဆိုသည့် မက်လုံး အမျိုးမျိုးပေးခြင်းများနှင့် ခြိမ်းခြောက်ခြင်းအမျိုးမျိုး ဆောင်ရွက်ခဲ့ ကြောင်း၊ ဒါကြောင့် အစပထမပိုင်းတွင် ဝန်ထမ်းအင်အား ၂၀ ရာခိုင်နှုန်း မှ ၃ဝ ရာခိုင်နှုန်းခန့် CDM မှာ ပါဝင်သွားကြောင်း၊ ဖေဖော်ဝါရီလ တတိယပတ်လောက်မှစ၍ အစိုးရ၏ နှိုးဆော် ချက်များ၊ CDM သွေးထိုး လှုံ့ဆော်မှုတွေ၏ အပြောနှင့်အလုပ်မညီမှုများကြောင့် ဝန်ထမ်းအများ လုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်လာပြီး ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များဖြစ် ကြောင်း၊ CDM တွင်ကျန်ရှိနေသည့် ဝန်ထမ်း တချို့အနေဖြင့်လည်း ၎င်းတို့ပြောနေသည့် ထောက်ပံ့ ကြေးများ မရရှိ ကြောင်း၊ CDM အတွက် အလှူငွေကောက်ခံနေသည့် အဖွဲ့ အစည်း အသီးသီးအနက် တချို့ အလှူခံပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှာထောက်ပံ့ကြေး အလွဲသုံးစားလုပ်ဆောင်နေခြင်းကို တွေ့ရကြောင်း၊ ထိုအရာများကိုလည်း စာရင်းဇယားများဖြင့် ပြသထားကြောင်း၊ ယခု ပြသထားသည်မှာ CDM တွင် ပါဝင်သည့်သူများရရှိသည့် ထောက်ပံ့ကြေး ငွေများဖြစ်ကြောင်း၊ထိုအရာကို ကြည့်မည်ဆိုပါက တချို့ဆိုလျှင် တစ်ဦး ကို ၇ဝဝဝ ကျပ်သာ ရရှိပြီး တချို့မှာ လုံးဝမရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းအနေဖြင့် ဝန်ထမ်းဟုတ်သည့် နိုင်ငံရေးသမားများ သွေးထိုး လှုံ့ဆော်နေသူများ CDM အကြောင်းပြ၍ အလှူငွေကောက်ခံသူများ၊ ဝန်ထမ်းများအပေါ် ဂုတ်သွေးစုတ်နေသည့် လုပ်ရပ်များဖြစ်ကြောင်း၊ CDM ကြောင့် သိသာ ထင်ရှားသည့် ပြည်သူလူထုအပေါ် ဒုက္ခရောက်စေ သည်မှာ ကျန်းမာရေးကဏ္ဍဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် ပြည်သူအားကိုးနေသည့် ဆေးရုံ၊ ဆေးခန်းများအား ပိတ်ထားကြောင်း၊ မိမိတို့နိုင်ငံတွင် ဆေးရုံဆေးခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး မတ်လ၌ ဆေးရုံကြီးမှာ ဖွင့်လှစ်နိုင်မှုအနေဖြင့် အပြည့်အဝဖွင့်လှစ်နိုင်မှု ၁၅ ရာခိုင်နှုန်းသာရှိကြောင်း၊ ပြင်ပလူနာ ဆောင်ပင် ဖွင့်ထားနိုင်မှု ၁၅ ရာခိုင်နှုန်းသာရှိပြီး ကျန်သည့် ၇၀ ရာခိုင်နှုန်းခန့်မှာ CDM အကြောင်းပြ၍ ပိတ်ထားဆဲဖြစ်ကြောင်း၊ ပြည်သူလူထု ဘယ်လောက်ဒုက္ခရောက်နေမည်ကို စာနာကြည့်စေလိုကြောင်း၊ ယင်းသို့ပိတ်ထားခြင်းကြောင့်ဖေဖော်ဝါရီလအလယ်လောက်တွင် နေရာအနှံ့မှာ ပြည်သူလူထုက CDM မှာ ပါဝင်နေသည့်ကျန်းမာရေးဝန်ထမ်းများအား ဆန္ဒပြနေကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်ဆေးရုံများတွင် ပြည်သူလူထု တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၁၀ ရက်နေ့ အထိ ပြင်ပလူနာ ၅၉၆၈၇ ဦး၊ အတွင်းလူနာ ၃၀ဝ၊ ခွဲစိတ်ကုသမှုလူနာ ၄၀၄၉ ဦး၊ လူနာ ၃၇၉၁ ဦးနှင့် ကလေးမီးဖွားပေးနိုင်မှု ၃၇၉၁ ဦး မွေးကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူလူထု၏ ဆန္ဒအရ တချို့ ဆေးရုံများအား ဖွင့်လှစ်ပေးပြီး ဆေးရုံတွင် ရောက် တအန်ယူထမ်းဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် အစိုးရဆိုသည်ကို ခေါင်းထဲထည့်လျှင်လည်း မထည့်လျှင်နေ၊ ပြည်သူလူထုနှင့် နိုင်ငံတော် နိုင်ငံသားဆိုသည်ကို ခေါင်းထဲထည့်ဖို့လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စစ်ဖြစ် နေလျှင်ပင် မိတ်ဆွေ၊ ရန်သူမခွဲခြားဘဲ ကုသပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံကို CDM ကြောင့်ပိတ်ထားပြီး အခကြေးငွေယူ၍ ကုသနေသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ယင်းပုဂ္ဂိုလ်များ များရောက် ဖွင့်လှစ်ပေးနေခြင်းများတွေ့ ရကြောင်း၊ ပြင်ပပုဂ္ဂလိက ဆေးရုံ ဆေးခန်းများတွင် CDM လုပ်သည်ဆိုကာ ဆေးရုံ၊ ဆေးခန်း သွားထိုင်နေသည့် ဆရာဝန်များ၏ အမည်စာရင်း ပြုစုထားကြောင်း၊ ဘုတ်များတွင်လည်း ကပ်ပြထားကြောင်း Power point တွင်လည်း ပြထားကြောင်း၊ စာရင်းဇယားများအရ CDM လုပ်သည့် ဆရာဝင်ဦးရေ ၃၉၀၅ ဦးရှိပြီး CDM လုပ်သည်ပြောပြီး ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ကုသနေသည့် ဆရာဝန်ပေါင်း ၃၁၈ ဦးရှိကြောင်း၊ ထိုအရာများကို ဘုတ်များတွင်ထုတ်နုတ်ပြီး ဓာတ်ပုံများဖြင့်ပြသထားပြီး ကျန်သည့် ၁ဝဝဝ ကျော်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း ထိုလုပ်ရပ်များမှန်၊ မမှန် ၎င်းတို့ကို အားပေးအားမြှောက် လုပ်နေသည့် သူတွေ ဘယ်သူဆိုသည်ကို ဆန်းစစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း ၊မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးသည် အရေးကြီးသည့်အနေအထားဖြစ်ပြီး ယင်းသို့ အရေးကြီးသည့် အနေအထားမျိုးတွင် အစိုးရ ဆိုသည်ကို ခေါင်းထဲ ထည့်လျှင်ထည့်၊ မထည့်လျှင် ပြည်သူလူထုနှင့် နိုင်ငံသူ၊ နိုင်ငံသား များ၏ ကျန်းမာရေးကို ခေါင်းထဲထည့်ရန် ပြောလိုကြောင်း၊ CDM နှင့် ပတ်သက်၍ သွေးထိုးလှုံ့ဆော်သူများ၊ အလှူအမြဲသုံးစားလုပ်သူများ၊ အဖွဲ့အစည်းများကိုလည်း ထိရောက်စွာ အရေးယူမှုပြုလုပ်လျက်ရှိကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကူ ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ တို့ပိုင် သည့် နာရေးကူညီမှုအသင်းအား မတ် ၃ ရက်က စစ်ဆေးခဲ့ကြောင်း၊ လှူဒါန်း ထားသည့်ငွေတချို့ ယူ၍ ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ ထိုနှစ်ဦးမှာ CDM တွင်ပါဝင် နေသည့် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ရန် ကူညီဖန်တီးနေခြင်းဖြစ်ပြီး ၈၈ ငြိမ်းပွင့် အပါအဝင် ပြည်တွင်း၊ ပြည်ပကော်မတီအဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ် ၄၉၈ ဦးတို့က ဖေဖော်ဝါရီ ၁ဝ ရက်မှ မတ် ၃ ရက်အထိ ပေးပို့ လှူဒါန်းငွေ ငွေကျပ်သိန်းပေါင်း ၆၁၀၀၊ အမေရိကန်ဒေါ်လာ ၂၀၆၇ဝ လက်ခံရရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုမှ CDM ဝန်ထမ်း ၂၀၀၈ ဦးထံကို မတ် ၂ ရက်အထိ ကျပ်သိန်း ၂၈၀၀ ထောက်ပံ့ခဲ့ကြောင်း၊ကျပ်သိန်းပေါင်း နှစ်သောင်းထည့်ဝင်ထားသည့် (Fix deposit) ဘဏ် အကောင့် ၆ ခု ဖော်ထုတ်ရရှိခဲ့ပြီး လက်ခံငွေမှာ သိန်း ၆၀၀၀ ကျော်ဖြစ် ကြောင်း၊ CDM ဝန်ထမ်းများကို လှူဒါန်းငွေမှာ သိန်း ၂၈၀၀ ကျော်ရှိ ကြောင်း၊ မည်မျှခွာခြား သည်ကို တွေ့နိုင်ကြောင်း သိမ်းဆည်းရမိသည် စာရင်းဇယားများအရလည်း သိနိုင်ကြောင်း သိမ်းဆည်းရမိသည့် စာရင်း ဇယားများကို Board များတွင်လည်း အသေးစိတ် ကပ်ထား ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေနှင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း နေပြည်တော် ကောင်စီနယ်မြေအတွင်း အစိုးရဝန်ထမ်းများကို CDM တွင်ပါဝင်လာစေရေး အဓိကကြိုးကိုင် ဆောင်ရွက်ခဲ့သည့် နေပြည်တော် စည်ပင်ကော်မတီဝင် ဟောင်း ဦးမင်းသူကို ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း၊ ၎င်းကို စစ်ဆေးရာတွင် ဝန်ထမ်းများကို သွေးထိုး လှုံ့ဆော်ရန်အတွက် မင်းကိုနိုင်း ဂျင်မီတို့နှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်း များကို လှုံ့ဆော်စည်းရုံးနိုင်ရန် CDM Supporting Team များ ဖွဲ့ပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ NLD ပါတီဝင်များက ဝိုင်းဝန်းကူညီရန် ညွှန်ကြားချက်စာတစ်စောင် ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအဖွဲ့ ၁၅ ဦးရှိကြောင်းနှင့် လွတ်မြောက်နေသူများကို အမှုဖွင့်ထားကြောင်း၊ CDM အဓိကလှုံ့ဆော်သူ ရန်ကုန်တက္ကသိုလ် အရှေ့ပိုင်းဌာနကဦးအာကာ မိုးသူကိုလည်း မတ် ၂ ရက်ကဖမ်းဆီးခဲ့ပြီး ၎င်းအဖွဲ့မှာပါဝင်သူ ၁၄ဦးကိုလည်း အမှုဖွင့်ဖမ်းဆီး နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း၊ CDM ဦးဆောင်လှုပ်ရှားမှုတွင် ခေါင်းဆောင် ပါဝင်ခဲ့သည် ဗကသဟောင်း ကျော်ကိုကို ဦးဆောင်သည့်အဖွဲ့ကို ထိန်းသိမ်းခဲ့ရာတွင် ဖော်ထုတ် တွေ့ ရှိရသည့် တွေ့ရှိမှုကိုလည်းဖော်ပြထားကြောင်း၊ ၎င်းတို့ ချိတ်ဆက် ဆောင်ရွက်မှု များကိုလည်း ပြထားကြောင်း၊ Board များတွင်လည်း Link မှာဖြင့် ပြသထားကြောင်း မလေးရှားနှင့် ကိုရီးယားနိုင်ငံမှာရှိသည့်အဖွဲ့ အစည်း လူပုဂ္ဂိုလ်များက CDMလှုပ်ရှားမှု အထွက် တရားမဝင် ငွေကြေးထောက်ပံ့နေမှုများ ပါဝင်ပတ်သက်နေမှု များကိုလည်း တွေ့ နိုင်ကြောင်း၊ ကိုရီးယားမှ ကောက်ခံရရှိငွေ ၂၅၆ သန်း၊ မလေးရှားမှ လွှဲပြောင်းငွေ ကျပ်သိန်း ၂၀၀ ခန့်ရှိပြီး အားလုံး နီးပါးသည် ဦးကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ငွေစာရင်းထဲ သို့ စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါငွေများနှင့်ပတ်သက်ပြီး ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ ဆက်စပ်မှုများကိုလည်း မိမိတို့ပြသထားကြောင်း၊CDM တွင်မပါဝင်သည့် နိုင်ငံတော်နှင့်ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်း များကိုလည်း တရားဥပဒေ စိုမိုးရေးအဖွဲ့များက ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ CDM တွင်ပါဝင်ရန် အတင်းအကျပ်ခြိမ်းခြောက်သူများက တိုင်ကြား သည်များကို တွေ့ရှိရပါက ရာဇသတ်ကြီး ပုဒ်မများ၊ ဆက်သွယ်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားလျက်ရှိကြောင်း၊ ရာဇသတ်ကြီးပုဒ်မဖြင့် အမှုဖွင့်ထားသူ ၉၆ ဦးရှိကြောင်း၊ ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ထားသူရှိကြောင်း၊ CDM တွင်မပါဝင်ဘဲ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ကို နိုင်ငံရေးသမားများ၊ ချိန်ခါမီလုပ်သမားများ၏ CDM ထောင်ချောက်ထဲကို ဝင်ရောက်သွားစေဖို့ ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် သေသေချာချာ စဉ်းစားချင့်ပြီး သွေးထိုးလှုံ့ဆော်ချောက်ချစကားများကို နားမယောင်ကြရန် ပြောကြားလိုကြောင်း။
ယခင်ဝန်ကြီးဟောင်း သူရဦးအောင်ကိုအနေဖြင့် ဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာဘွဲ့တံဆိပ် ၈ မျိုး နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနဲ့ပတ်သက်ပြီး ၂၁-၇၂၀၂၀ ရက်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်တထံမှ ငွေကျပ်သိန်း ၁ဝ နှင့် ၂၁-၃-၂၀၂၀ ရက်တွင် ကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင် လက်ခံရယူပြီး ၁၆-၄၁၂ဝ ရက်မှာ ထုတ်ခဲ့တာတွေ၊ ၁၈-၂-၂ဝ၂ဝ ရက်မှာ လုပ်ငန်းရှင်တစ်ဦးထံက လုပ်ငန်းများ ရေရည် အဆင်ပြေစေဖို့ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန် Ford ကားတစ်စီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း အထောက် အထား ချက်လက်မှတ်ရော့။ ကားပုံတွေကို တင်ပြပါ Boardမှာ လေ့လာနိုင်ပါကြောင်းပြောကြားသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်းတွင်ရှိသည် ဒေါ်အောင်ဆန်းစုကြည့်၏ နေအိမ်တွင် ခေတ္တဖွင့်လှစ်ပြီး မရမ်းကုန်းမြို့နယ် အင်းယားလိတ်ဟိုတယ်သို့ ပြောင်းရွှေ့ငှားရမ်းဖွင့်လှစ်ခဲ့ကြောင်းထို့နောက် ၂၀၁၉ ခုနှစ်တွင် လက်ရှိဖွင့်လှစ်ထားသော ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်၊တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၁)သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊စတင်ဖွဲ့စည်းစဉ်ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီးအလုပ်မှုဆောင်အဖွဲ့ဝင်များ အနေဖြင့်ဦးထင်ကျော်၊ဒေါက်တာတင်မျိုးဝင်း၊ဒေါက်တာဥမ္မာမိုးမြင့်နှင့်ဒေါ်မေနှင်းဆီတို့ဖြစ်ကြောင်း၊၂၀၁၅ခုနှစ်ဦးထင်ကျော်သမ္မတဖြစ်လာပြီး နာယကအဖြစ်ပြောင်းလဲတင်မြှောက်ခဲ့ကြောင်း၊၂၀၁၇တွင်ဒေါ်မေနှင်းဆီ၊၂၀၂၀မှာဒေါက်တာဥမ္မာမိုးမြင့်တို့ဖြစ်ပြီး ယခုအချိန်တွင် ဖောင်ဒေးရှင်းအားနာယကဦးထင်ကျော်၊ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဦအလုပ်အမှုဆောင်များ ဖြစ်သည့်ဒေါက်တာတင်မျိုးဝင်းတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းကို စစ်ဆေးရာ တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို ပြည်ပနိုင်ငံများမှ NGO INGO များနှင့် အသင်းအဖွဲ့များ ဖြစ်သည့် အဖွဲ့များ၊ နိုင်ငံ ၁၃ နိုင်ငံမှ အဖွဲ့အစည်းများက ကုမ္ပဏီများ၊ ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉သန်းကျော်ရှိကြောင်း၊ သုံးစွဲငွေ ၆ ဒသမ ၈ သန်းကျော်ဖြစ်သည့်အတွက် လက်ကျန်ငွေ တစ်သန်းကျော်ရှိသည်ကိုတွေ့ ရကြောင်း၊ ပြည်တွင်း အလှူအနေဖြင့် ၃၆ ဘီလီယံကျော်ရှိပြီး သုံးစွဲငွေ ၃ဝ ဘီလီယံကျော် ဖြစ်သည့်အတွက် လက်ကျန်ငွေ ၆ ဘီလီယံကျော်သည်ကို စစ်ဆေးရှိ/မရှိ၊ ဒေါ်ခင်ကြည်ဖောင်ရှင်းအနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းလင်သော စီမံကိန်းလုပ်နေမှုရှိကြောင်း၊ ထိုစီမံကိန်းတွင် သုံးစွဲမှု၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းရှိ/မရှိလည်း စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။
ဖော်ထုတ်စစ်ဆေးလျက်ရှိ
နောက်တစ်ချက်မှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်ကိစ္စဖြစ်ကြောင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များအရ နိုင်ငံတော်နှင့် ပြည်သူလူထုကိုပြောရန် တပ်မတော်အနေဖြင့် အထူး လိုအပ်၍ ပြောကြားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ စပြီး NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို လုံခြုံရေးအရ အကျယ်ချုပ်ဖြင့် ထားရှိခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ စစ်ဘက်၊ နယ်ဘက်ဆက်ဆံရေးနှင့်ပတ်သက်ပြီး သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့နှင့် လူပုဂ္ဂိုလ်အချို့၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်အချို့ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းမှု များပြုလုပ်ခဲ့ကြောင်း၊ ထိုသို့မေးမြန်းသည့်အချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်ပတ်သက်ပြီး ပတ်သက်ဆက်စပ်မှု အခြေအနေများကို ထွက်ဆိုလာခဲ့ကြောင်း၊ ထိုပြောဆိုချက်များကို မှန်/မမှန် အကြိမ်ကြိမ် အခါခါ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်များ အရ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး ယခင်ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊
မတ်လအကြား ငွေသား အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် အကယ်ဒမီ | ရွှေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့ရကြောင်းကို အခိုင်အမာ
ပြောဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ထိုအမေရိကန်ဒေါ်လာ ၆ဝဝ,ဝဝဝ နှင့် အကယ်ဒမီရွှေ ၇ ပိဿာကို
ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့ကြောင်း သိရှိရသည့်အတွက် လိုအပ် သည်များ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အချို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိဝန်ထမ်းအချို့ကို
မေးမြန်းချက်၊ ၎င်းတို့၏ ပြောဆိုချက်များအရလည်း အလားတူ ယခင် |ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင် ဒေါက်တာအေးဇံတို့သည်လည်း အဂတိလိုက်စားမှုများနှင့် ငြိစွန်း
ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးတချို့၊ ဝန်ကြီးချုပ်တချို့ လူပုဂ္ဂိုလ်တချို့နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တချို့ကို မေးမြန်းချက် ပြောဆိုချက်များ အရ ယခင်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့နှင့်ပတ်သက် ပြီး စီးပွားရေးလုပ်ငန်းရှင်တချို့မှ ငွေရေးကြေးရေး အကူအညီတောင်းခံ မှုများ၊ လက်ခံရယူမှုများ စိစစ်တွေ့ရှိရသည့်အတွက် အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ် | ပါကြောင်း၊ နံပါတ် ၅ အချက်အနေဖြင့် ယခင် UEC ၏ မဲရလဒ်ကြေညာ ချက်များနှင့် ယခု UEC ၏ မဲရလဒ်စစ်ဆေးချက်များ၊ တွေ့ရှိချက်များကို
ပြောမည်ဖြစ်ကြောင်း၊ ပြီးနောက် ယခင် UEC မှအဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထုသိရှိစေရန် ပြောကြားချက်ကို Video Click ဖြင့်ပြသမည်ဖြစ်
ကြောင်း၊ UEC အနေနဲ့ မဲစာရင်းစစ်ဆေးချက်များကို မြေပြင်ကွင်းဆင်း ပြီး၊ မဲလက်မှတ်ရေတွက်မှုများအပါအဝင် အသေးစိတ်ဆောင်ရွက်လျက် ရှိပြီး၊ တွေ့ရှိချက်များကို ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ထုတ်ပြန်လျက် ရှိကြောင်း၊ မတ်လ ၉ ရက် အထိ ၁၄ မြို့နယ်ထုတ်ပြန်ခဲ့ကြောင်း၊ ၁၄ မြို့နယ်နှိုင်းယှဉ်စစ်ဆေးရာမှာ မဲလက်မှတ်ထုတ်ယူမှု ၂၀ဝ၇၆၀၆၅ စောင်
ရှိကြောင်း၊ အသုံးပြုမဲလက်မှတ်များသည် ၁၄၃၆၅၁၆ စောင်ရှိကြောင်း၊
ကျန်ရမည့်မဲလက်မှတ်သည် ၆၃၉၅၆၄ စောင်ဖြစ်ပြီး လက်တွေ့ မဲလက်မှတ်များကို ရေတွက်ကြည့်သည့်အခါ မြေပြင်လက်ကျန်သည် ၅၉၆၀၀၇ စောင်သာရှိပြီး ပျောက်ဆုံးနေသည်မှာ ၆၅၅၃၀ ဖြစ်ကြောင်း၊ ပိုသုံးထားသည့်မဲလက်မှတ်မှာ ၂၁၉၈၈ ဖြစ်ကြောင်း၊ ဒီဟာသည် မဲမသမာမှုများပြုလုပ်ထားသည့် အရေအတွက်ပေါင်း ၈၇၅၇၈ စောင် ဖြစ်ပါကြောင်း၊ ဘာကြောင့် မဲလက်မှတ်များ ပျောက်ဆုံးခဲ့တာလဲ။ ဒါကိုအစားထိုးနိုင်ရန် ဘယ်လိုမှ လက်မှတ်များ ပိုသုံးခဲ့လဲဆိုတာကို ရွေးကောက်ပွဲကော်မရှင်မှ ရှင်းလင်းသည့်အခါမှာ ဆက်စပ်တွေးကြည့် နိုင်တယ်လို့ပြောချင်ပါကြောင်း၊ နောက်တစ်ခုသည် ယခင် UEC အဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းဌေး၏ ပြည်သူသို့ အသိပေးချက်ဖြစ်
ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အသေးစိတ်မဲစာရင်း များတောင် မရှိခဲ့သည့်အကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကို ယခင်အစိုးရသည်သူတို့ လွှမ်းမိုးခွင့်မရှိကြောင်း၊ လွတ်လပ် သည့်ကော်မရှင်ဖြစ်သည်ဟုပြောခဲ့သော်လည်း လက်တွေ့တွင်မည်သူက လွှမ်းမိုးခဲ့သည်ဆိုသည်ကို မိမိတို့ထင်ထင်ရှားရှား တွေ့ရမှာ ဖြစ်ပါ ကြောင်း ပြောကြားသည်။ ။ ဒီဟာသည် ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြောဆိုချက်များ အရ ကောက်နုတ်ချက်များပဲဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌအပါအဝင် ကျန်အဖွဲ့ဝင်များ၏ ပြောဆိုချက်များကိုလည်း အချိန်တန်ပါက ပြည်သူ လူထုကို မိမိတို့ချပြအသိပေးမည်ဖြစ်ကြောင်း၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အနေနှင့် မဲစာရင်းများနှင့်ပတ်သက်ပြီး တွေ့ရှိချက် များ၊ သတင်းစာရှင်းလင်းပွဲများမှာ ပြောခဲ့ကြောင်း၊ မီဒီယာများကိုရှင်းခဲ့
ကြောင်း၊ ရှင်းသည့်အခါမှာ မိမိတို့ကိုယ်တိုင်လည်း မသိပါကြောင်း၊ မသိရှိခဲ့ပါကြောင်း၊ မသိရှိခဲ့ဘူးဆိုတာသည် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲစာရင်းများကို မရှင်းခဲ့သလဲဆိုတာ ဖြစ်ကြောင်း၊ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံရှိလျှင် ရှင်းလို့ရ
ကြောင်း၊ မည်သည့်အတွက်ကြောင့် မရှင်းခဲ့သလဲဆိုတာ၏ အဖြေသည် ဒီမှာပဲရှိကြောင်း ပြောကြားသည်။
ရှင်းလင်းဖို့ပြောဆို
နိုဝင်ဘာလ ၃၀ ရက်မှစပြီး ကျွန်တော်တို့သည် ဒီမဲစာရင်းတွေ့ရှိ ချက်များကိုပြောခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းနှင့်ပတ်သက် ၍ မရှင်းလင်းတာများကိုရှင်းလင်းဖို့ပြောဆိုခဲ့ကြောင်း၊ ကျွန်တော်ပြောခဲ့ ဖူးသည့် ဖြစ်စဉ်အစကို ပြန်ကောက်ရလျှင် ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ရှင်းခိုင်းကြောင်း၊ မရှင်းခဲ့ပါကြောင်း၊ ဘာ့ကြောင့်မရှင်းတာ လဲ၊ ကျွန်တော်တို့ သဘောမပေါက်ပါကြောင်း၊ သို့သော် ဘာကြောင့် မရှင်းတာလဲဆိုတာသည် ခုနက ပြောသွားသည့်အဖြေမှာပါကြောင်း၊ ကျွန်တော်တို့သည် ဒီအဆင့်နဲ့မရသည့်အတွက် လွှတ်တော်ခေါ်ယူပေး ဖို့ပြောကြောင်း၊ ဥပဒေအရ လွှတ်တော်ခေါ်ယူပေးရမည်၊ မရှင်းခဲ့ပါ
ကြောင်း၊ မလုပ်ခဲ့ပါကြောင်း၊ ဘာကြောင့်မလုပ်ခဲ့လဲဆိုတာသည် အဲ့ဒီ | Video ထဲမှာပဲရှိမည်ဖြစ်ကြောင်း၊ ပြီးနောက် နိုင်ငံတော်သမ္မတကို
တင်ပြကြောင်း၊ နောက်ဆုံးအဆင့်မှာ နောက်ဆုံးအခြေအနေအထိ နိုင်ငံတော်သမ္မတနှင့် တာဝန်အရှိဆုံးပုဂ္ဂိုလ်ကို ကျွန်တော်တို့ဆီမှ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လက်ရေးဖြင့် ရေးပြီးရှင်းပေး ဖို့ပြောခဲ့ကြောင်း၊ မရှင်းခဲ့ပါကြောင်း၊ ဘာကြောင့်မရှင်းလဲဆိုတာသည် အဲ့ဒီ Video ထဲမှာ ပဲရှိပါကြောင်း၊ ကျန်သည့်အပိုင်းများကို အချိန်တန်လျှင် ကျွန်တော်တို့ ပြည်သူလူထုကို ဆက်လက်အသိပေးမည်ဖြစ်ကြောင်း၊ ပြောရလျှင် စည်းမဲ့ကမ်းမဲ့၊ စည်းပျက်ကမ်းပျက်၊ ထင်ရာစိုင်း ဒီမိုကရေစီအမည်ခံသည့်
အာဏာရှင်များ မပေါ်ပေါက်စေရေးအတွက် ပြည်သူလူထုအတွက် စစ်မှန် စည်းကမ်း ပြည့်ဝသည့်ဒီမိုကရေစီစနစ်ဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ (ဆက်လက်ဖော်ပြပါမည်)