နေပြည်တော် မတ် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ သင်တန်းသား အရာရှိနှင့် ဗိုလ်လောင်းများ၊ သင်တန်းသားစစ်သည်များ၊ သန္ဓေစစ်သည်နှင့် မိသားစုများအား သီးခြားစီ တွေ့ဆုံ၍ အားပေးအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော် အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗထူးတပ်နယ်နှင့် ပြင်ဦးလွင် တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား အရာရှိ၊ စစ်သည်၊ ဗိုလ်လောင်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် မဲပေးခွင့်ရှိသူ ၃၉ ဒသမ၂ သန်းကျော်ရှိသည့်အနက် ၁၀ ဒသမ ၄ သန်းကျော် မဲစာရင်းမှားယွင်းမှုကြီးမားစွာဖြစ်ပေါ်ကာ မဲမသမာမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ နစ်နာသူပြည်သူများနှင့် ပါတီများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံသို့ အဆိုပါ မဲစာရင်းမှားယွင်းမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သံသယကင်းရှင်းစေရေး ပွင့်လင်း မြင်သာစွာ ရှင်းလင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးလှသိန်း ဦးဆောင် သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လျစ်လျူရှုကာ တာဝန်ယူ ဖြေရှင်းမှု မပြုလုပ်ပေးသည့် အခြေအနေများ၊ မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ်ခနမှုကို ဆွေးနွေးနိုင်ရေး ဒုတိယအကြိမ်လွှတ်တော်အတွင်း အထူးအစည်းအဝေး ခေါ်ယူကျင်းပရန် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကျော်ကတောင်းဆိုမှုကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက က ပယ်ချခဲ့မှုအခြေအနေများ၊ နောက်ဆုံးအဆင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ရှင်းလင်းဆွေးနွေးခွင့်ပြုရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုမှုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လုံးဝ လက်မခံဘဲ ပယ်ချခဲ့မှု အခြေအနေများ၊ ကိုယ်ရေးစာဖြင့် မဲစာရင်း မှားယွင်းမှုများ စိစစ်ပေးရန်၊ စိစစ်ရာတွင် UEC အသစ်ဖွဲ့စည်း၍
ဆောင်ရွက်ပေးရန်၊ စိစစ်ဆဲကာလအတွင်း လွှတ်တော်အသစ်ခေါ်ယူမှု ဆိုင်းငံ့ပေးရန်၊ နိုင်ငံ တော် သမ္မတက ယခုတင်ပြချက်အပေါ် အချိန်မီ ဖြေရှင်းပေးနိုင်ရန် တောင်းဆိုခဲ့မှုတို့အား လက်မခံခဲ့ သည့် အခြေအနေ သံသယဖြစ်ဖွယ်မဲစာရင်း ၁၀ ဒသမ ၄ သန်းကျော် မှားယွင်းနေမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယ အကြိမ် လွှတ်တော်အသစ် အစည်းအဝေးကျင်းပပြုလုပ်၍ နိုင်ငံတော်၏ အာဏာ ၃ ရပ်အား မတရားနည်းဖြင့်ရယူရန် ကြိုးပမ်းလာသည့် အခြေ အနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်၏ အာဏာအရပ်ရပ်အား မတရားနည်းဖြင့် ရယူရန် ကြိုးပမ်း လာမှုတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်၊ ပုဒ်မ ၂၀ အရ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်နှင့်အညီတပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဖျက်သိမ်းခြင်းမရှိဘဲ ပုဒ်မ ၄၁၇၊ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာပြီး အာဏာ ၃ ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပါကာလသတ်မှတ်ချက်အတွင်း ရယူဆောင်ရွက် ရသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်(၅) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ။
နိုင်ငံ့ဝန်ထမ်းများ CDM တွင် ပါဝင်လာစေရေး စည်းရုံးမှုမှစ၍ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုအထိ ပြုလုပ်လာသည့်အတွက် ဆူပူအကြမ်းဖက်မှုများ မဖြစ်စေရေး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများ နားယောင်မှု၊ကြောက်ရွံ့မှုတို့ကြောင့် CDM တွင်ပါဝင်ခဲ့ရခြင်းကြောင့် မိသားစုများအပါ အဝင် လူမှုစီးပွားဘဝပျက်စီးဆုံးရှုံးရမှုအခြေအနေများ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုမှ အကြမ်းဖက် ဆူပူမှုအသွင်(Riot) ၎င်းမှ မင်းမဲ့စရိုက် ဆန်သော လူအုပ်စုဖြင့်အကြမ်းဖက်လာမှုသည် (Anorchy Mob) အသွင်ပြောင်းလဲလာမှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁၊ ပုဒ်မ ၃၆၂ အရ ဘာသာ၊ သာသနာကိုးကွယ်မှုဆိုင်ရာများကို လွတ်လပ်စွာ ဆောင်ရွက် ခွင့်ပြုထားသော်လည်း မိမိတို့နိုင်ငံ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများပျက်စီးအောင် အမျိုးသမီးထဘီမှာလမ်းလုံးပြည့် ချိတ်ဆွဲခြင်း၊ နိုင်ငံတော်၏အဓိပတိဆရာတော် ထေရ်ကြီးဝါကြီးများ၏ ပုံတော်များကို မဖွယ်မရာ ဆောင်ရွက်လာမှုနှင့် ဘာသာ သာသနာ ညှိုးနွမ်းအောင်ဆောင်ရွက်လာမှုအခြေအနေများ၊ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာလူ့တန်ဖိုးလူ့အခွင့်ရေးဆုံးရှုံးသည်အထိ မျက်ခုံးမွေးရိတ်ခြင်း၊ လေးကွက်ကျား ကတုံးတုံးခြင်း ရာဇဝတ်သားကဲ့သို့ လည်ပင်းစာတမ်း ချိတ်ဆွဲ၍ အရှက်ခွဲခြင်းအပြင် လူ့ကျင့်ဝတ်သိက္ခာနှင့်မညီသော နဖူးနှင့် ပါးပေါ်တွင် တက်တူးများရေးထိုးစေလွှတ်ခြင်း၊ ရဲစခန်းများအပါဝင် အုပ်ချုပ်ရေးမှူးရုံးများကို ထိပါးနှောင့်ယှက်လာခြင်းအပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ်သေစေနိုင်လောက်သည်အထိ ရေနွေးပူလောင်းချခြင်း၊ တုတ်၊ ဓား၊ လှံ၊ မှိန်း၊ လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိ စသည်တို့ဖြင့် ထိပ်တိုက်အကြမ်းဖက်မှုဆောင်ရွက်လာမှု အခြေအနေများ၊ ထိုသို့ ပြုမူဆောင်ရွက်မှုများနှင့် ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်လာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ရုန်းရင်းဆန်ခတ်မှု လက်စွဲဥပဒေ(၁၉၅၆ခုနှစ်) နှင့် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲစာ စောင်(၂၀၁၅ခုနှစ်)ပါ ပြဋ္ဌာန်းဥပဒေများနှင့်အညီ အနည်းဆုံး အင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေ များ အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် လုံခြုံရေးအသိ လုံခြုံရေး သတိဖြင့် နေထိုင်ကာ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ် ခိုင်မာအောင်ဆောင်ရွက်ရန်၊ မြဲသုံး မြဲအား အမြဲလက်ကိုင်ထား၍ ရဲ သုံးရဲဖြင့် ကျရာတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရန်၊ တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းမာသန်စွမ်းအောင်နေထိုင်လေ့ကျင့်ရန် နှင့် မိမိကိုယ်တိုင်နှင့် မိမိမိသားစုကြောင့် မိမိအဖွဲ့အစည်း၏ ပုံရိပ်များ၊ ဂုဏ်သိက္ခာများ ပျက်ယွင်းကျဆင်းမှုမရှိစေရေး လိုက်နာစောင့်ထိန်း ရမည့် အခြေအနေများအား အသေးစိတ်ရှင်းလင်း မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များက ဗထူးတပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်။ မိသားစုများ၊ သင်တန်းသားအရာရှိ၊ စစ်သည်။ ဗိုလ်လောင်းများအတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာ များနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲများသို့ တက်ရောက် လာသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားအရာရှိ၊ စစ်သည်။ ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ အရာခံနှင့်အကြပ်ကြီး သင်ကျောင်းရှိ သင်တန်းသားစုပေါင်းစားရိပ်သာ၌ သင်တန်းသားများ နှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025