အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2026
ကြံစိုက်ပျိုးဧကများစွာရှိသော ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၂၀၀၀၀ ကျော်ကို ပြန်လည်စိုက်ပျိုးထား၍ ဧက ၃၀၀၀၀ ကျော်ရိတ်သိမ်းကာ အင်ငါးခွသကြားစက် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ (၇၈)ကြိမ်မြောက် သစ္စာဓိဋ္ဌာန် ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။
Feb 20,2026
ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ” စာပေစကားဝိုင်းကို ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာတွေ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
Feb 20,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ဒါက်ထောက်ကျေးရွာ၊ ကမ်းခြေဓမ္မာရုံ၌ ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။
Feb 20,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဥ်းမနားမြို့နယ် မီးသတ်စခန်းသို့ သွားရောက်ပြီး ပြည်သူလူထုအား မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Feb 20,2026
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနနှင့် ပဲခူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် “လူငယ်တို့ထိန်းသိမ်းသွားရမည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ယဉ်ကျေးမှုအမွေအနှစ်များ ”ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓော်ဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။