တောင်ကြီး ဖေဖော်ဝါရီ ၂၀
မူလတန်းအဆင့်ကျောင်းသားများ၏ သင်္ချာစွမ်းရည်မြှင့်တင်ရေးလမ်းညွှန်စာအုပ်အား အသုံးပြု၍ ဆန်းစစ်ခြင်း (Pilotiong) ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲအား ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ဖေဖော်ဝါရီ (၁၉) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ လုပ်ငန်းစဉ်အကျဉ်းချုပ်အား ပြောကြားပြီး၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ကြိုဆိုနှုတ်ခွန်းစကားပြောကြားသည်။ ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံများကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ မူလတန်းအဆင့် ကျောင်းသားများ၏ သင်္ချာစွမ်းရည် ရလဒ်များ(၂၀၂၀)ကိုလည်းကောင်း၊ အခြေခံသင်ယူမှုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ လမ်းညွှန်စာအုပ် အခန်း(၁)မှ အခန်း(၇) အထိ သင်ခန်းစာများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
အဆိုပါဆွေးနွေးပွဲအား ကျောင်းဆရာ၊ ဆရာမ (၅၀) ဦး တက်ရောက်ကြပြီး၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၀)ရက်နေ့အထိ နံနက် (၉း၀၀) မှ ညနေ (၄း၃၀) အထိ (၂) ရက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)