အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2026
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝါးခယ်မမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၂၂၅၁) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။
Feb 19,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မတ္တာညွန့်ရပ်ကွက် စက်မှု (၄) လမ်းရှိ ယာယီတည်းခိုစခန်းဖွင့်လှစ်ထားသော သုဓမ္မကာရီဓမ္မာရုံတွင် တာမွေမြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Feb 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
Feb 19,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တစ်ပိုင် တစ်နိုင်"၀က်" မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် ဒေသခံပြည်သူများ စီးပွားဖြစ်ထွန်းကာ အကျိုးအမြတ် များစွာ ရရှိလျက်ရှိကြောင်းသိရသည်။
Feb 19,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဒိုက်ဦးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ တောင်သူဦးမြင့်လွင်၏ အစေ့ထုတ်ပြောင်း(၂.၂၃) ဧက စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး ရွှေအင်ဒုံကျေးရွာ တောင်သူ ဦးဝင်းမောင်၏ (၁၀)ဧကအတွင်း ပဲလွန်းစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
Feb 19,2026
 စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ တန်ဖိုးမြင့်စားသောက်ကုန် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၁) နာရီ အချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Feb 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Feb 19,2026
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။