အမြို့မြို့အနယ်နယ်သတင်းများ

Feb 19,2026
မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်(၂၀၁၈-၂၀၃၀) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။
Feb 19,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား Online စနစ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၊ ရန်ပယ်အားကစား မိုးလုံလေလုံခန်းမ၊ မြို့နယ်ပညာရေးမှူးရုံးအပေါ်ထပ် အစည်းအဝေးခန်းမတို့၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Feb 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းယောင်း)၌ ကျင်းပခဲ့သည်။
Feb 19,2026
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန် လမ်း ပေ (၆၀) အရှည်တံတားတစ်စင်းနှင့် (၁၈)ပေအကျယ်ကတ္တရာလမ်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ကျင်းပသည်။
Feb 19,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဥယျာဉ်ခြံမြေစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသော  တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများ ရောင်းချဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
Feb 19,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာကျောင်းလမ်း(၅.၅)ဖာလုံ ကတ္တရာလမ်း ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့် မီရေး၊ လမ်းပခုံးသားများစနစ်တကျဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး မှာကြားခဲ့သည်။
Feb 19,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းစုံ၊ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြသည်။
Feb 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်က  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။