အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက စုပေါင်းရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 20,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်  မွေးစမှအသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 20,2026
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့် တွဲဖက်စိုက်ပျိုးလျက်ရှိရာ ယခုဖေဖော်ဝါရီလတတိယပတ်မှစ၍  တောင်ပေါ်ကွမ်းရွက်ကြမ်းများဈေး ကောင်းရရှိလျက်ရှိကြောင်း သိရသည်။
Feb 20,2026
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ငွေကြေးခဝါချမှုအကြမ်းဖက်ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင်ကျင်းပသည်။
Feb 20,2026
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်အတွင်းရှိရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် ယမန့်နေ့ညနေ ၄နာရီက အမှတ် (၃)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်း၊ အနော်ရထားလမ်း၊အမှတ်(၄)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးလမ်းများတစ်လျှောက် ရေနုတ်မြောင်း များကို ယာဉ်ယန္တယားဖြင့် တူးဖော်၍အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား ဆယ်ယူပြီး ရေဆိုး ရေညစ်များ မြောင်းမကြီးထဲသို့ စီးဆင်းစေရန် ဆောင်ရွက်ခဲ့ကြပြီး အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပတ်လည်ရေနုတ်မြောင်းများ ဆယ်ယူတူး ဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
Feb 20,2026
‎မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
Feb 20,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၈) နာရီအချိန်က တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်၌ Young Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။