အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့နံနက်ပိုင်းက အေးရွာလေးကျေးရွာ၊ မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Feb 19,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးခဲ့သည့် နေအိမ်အဆောက်အဦများအတွက် နိုင်ငံတော်မှထောက်ပံ့သော သွပ်၊ သံ၊ ဘိလပ်မြေတို့ကို ပျက်စီးဆုံးရှုံးခဲ့သည့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာတို့မှ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Feb 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုရှိ ကျောက္ကလပ်ကမ်းခြေသို့ မော်တင်စွန်းဘုရားပွဲတော်ကာလအတွင်း လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Feb 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှေကွဲလဟာအုပ်စု၊ ပိန်းမြောင်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညို၊ ဒေါင့်ကြီးနယ်မြေစခန်းမှူး ရဲအုပ်စေးဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်ကျော်မြင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
Feb 19,2026
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ၂၀၂၆ ခုနှစ်၊ စဉ်ဆက်ပညာရေးလုပ်ငန်း နယ်မြေအလိုက်စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်းစာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြသည်။