မင်းတုန်း ဖေဖော်ဝါရီ ၁၅
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီတွင် စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် ထားရှိသည့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများဖြစ်သော အပေါ့စားမီးသတ်စက်၊ မီးသတ်ပိုက်လိပ်၊ ပိုက်ခေါင်း၊ Foam အမြုပ်ဆေးရည်များ၊ မီးသတ်ဆေးဘူးများနှင့် အုတ်ရေလှောင်ကန်များ ကောင်းမွန်ခြင်း ရှိ၊ မရှိ၊ အသင့်အနေထားဖြစ်စေရေး စစ်ဆေးခြင်းနှင့် ဆီဆိုင်ဝန်ထမ်းများ မီးသတ်ပစ္စည်း ကိရိယာများအား စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး လက်တွေ့လေ့ကျင့်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းကလေး(NRDC)