Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါင်မြို့နယ်(အထက) ဇင်းကျိုက်ကျောင်း၌ ဒသမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ
Feb 16,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အထက) ဇင်းကျိုက်ကျောင်း၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒသမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဝန်ထမ်းအိမ်ရာအသစ်ဆောက်လုပ်နေမှုနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေမ…
Feb 16,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံ၏ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေအားဆွေးနွေးတင်ပြခဲ့ပြီး စက်ရုံအတွင်း အုတ်စိမ်းထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Burning System ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကုန်ထုတ်လုပ်မှုအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် အရှုံးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည့် နေပြည်တော်စာပေဝိုင်းသို့ တက်ရောက်
Feb 15,2026
နေပြည်တော်စာပေဝိုင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်(စာရေးဆရာကိုကိုလှိုင်)၊ နေပြည်တော် စာပေဝိုင်းနာယက အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာမကြီး တင်ရီမ(ညောင်ဦး)၊ အမျိုးသားစာပေဆုရှင် အလင်္ကာကျော်စွာ ချစ်နိုင်(စိတ်ပညာ)၊ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်မှူးကြီး ဒေါက်တာအောင်ကျော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေစပါးစိုက်တောင်သူများ၊ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းသားများနှင့်တွေ့ဆုံ
Feb 15,2026
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူးနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးနံကုန်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Feb 15,2026
ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အခြေခံအဆောက်အဦများကို ဘဏ္ဍာနှစ်များအလိုက် လျာထားတည်ဆောက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှ၌ (၇၇) ကြိမ်မြောက် သုံးမြို့နယ် ဝိနယဓမ္မာနုဂ္ဂစာမေးပွဲအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၇၇) ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်း အနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီချိန်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကျေးရွာများသို့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး
Feb 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၁၀ နာရီက ပြည်ငြိမ်းအေးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်/စက်များ အသင့်ဖြစ်မှုနှင့် ကြံ့ခိုင်မှုအခြေအနေမျာ…
Feb 15,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့သွားရောက်၍ မီးသတ်စခန်းနှင့် မီးသတ်ယာဉ်/စက်များအသင့်ဖြစ်မှုနှင့် ကြံ့ခိုင်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
45
Page
46
Page
47
Page
48
Current page
49
Page
50
Page
51
Page
52
Page
53
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department