ရန်ကုန် ဖေဖော်ဝါရီ ၁၅
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီဆိုင်များ၌ မီးသတ်ဆေးဘူးများ ထားရှိမှု၊ ရေ၊ သဲ နှင့် မီးချိပ် မီးကပ်များ စနစ်တကျ ထားရှိမှု၊ အရေးပေါ်မီးလောင်ကြွမ်းမှု ဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများ၊ ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးမှာကြားသည်။
ယနေ့နံနက်တွင် Apex ၊ Denko 1 ၊ Denko 2၊ Lucky 7 နှင့် Regency စက်သုံးဆီဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)