ပခုက္ကူမြို့၊ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပခုက္ကူ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်နှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်ပဓာနနာယက ဦးစန္ဒောဘာသနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ကြသည်။

ထို့နောက် ဆရာတော်အရှင်သူမြတ်ထံမှ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဇနီးနန်းစုစုစံနှင့် မိသားစုဝင်များ၊  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကာ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)